
နေပြည်တော် ဩဂုတ် ၂၃
စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင် ခြင်းဆိုင်ရာ နည်းဥပဒေများ (မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရာ၌ မူပိုင်ခွင့် ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ် သည့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ တို့ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်များကို အကာအကွယ်ပေး ရန်ရည်ရွယ်ချက်များဖြင့် ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပါကြောင်း၊ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေအရ စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင် ခြင်းအား လက်ခံဆောင်ရွက်နိုင် ရန်နှင့် စပ်လျဉ်း၍ လိုအပ်သည့် နည်းဥပဒေ (မူကြမ်း) ကို ပြုစုရေး ဆွဲခဲ့ပြီးဖြစ်ပါကြောင်း။
စာပေနှင့် အနုပညာလက်ရာ များ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင် ခြင်းဆိုင်ရာ နည်းဥပဒေကို ရေးဆွဲ အတည်ပြုပြီး စာပေနှင့် အနုပညာ မူပိုင်ခွင့်စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းသည် စာပေ နှင့် အနုပညာဆိုင်ရာဖန်တီးထုတ် လုပ်မှုများ တိုးတက်လာခြင်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ပိုင်ရှင် များ၊ ဆက်နွှယ်သည့် အခွင့်အရေး ပိုင်ရှင်များ၏ အခွင့်အရေးများကို ပိုမိုထိရောက်စွာ အကာအကွယ် ပေးနိုင်ခြင်း၊ မူပိုင်ခွင့်ချိုးဖောက်မှု များကို အကာအကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ကို ရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာ ရပ်ဆိုင်ရာ တာဝန်ခံတို့က စာပေ နှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင် ခြင်းဆိုင်ရာ နည်းဥပဒေများ (မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြု ချက်များ၊ သဘောထားမှတ်ချက် များ တောင်းခံရရှိခဲ့မှု၊ ပြင်ဆင် ထားရှိမှုကို ရှင်းလင်းတင်ပြရာ ဖိတ်ကြားထားသည့် ဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင် ရာကဏ္ဍအလိုက် ဆွေးနွေးကြ ကြောင်း သိရသည်။
သတင်းစဉ်