
နေပြည်တော် မေ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေ ဗိမာန်က စာပေဗိမာန်စာမူဆု ဝတ္ထုတိုပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ သိန်းဇော် (ရွှေလီဦး)၏ “ဖားဝိဇ္ဇာနှင့် ကျေးရွာအလှဝတ္ထု တိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ဝတ္ထုတို ၁၃ ပုဒ်ပါရှိပြီး ကျေးလက်ဒေသ လူနေမှု ဘ၀၊ ရပ်ဓလေ့၊ ရွာဓလေ့၊ အသက်မွေးမှု နိစ္စဓူဝအစုစုကို လှလှပပ ပုံရိပ်ကြွလာစေရန် ဟာသထေ့လုံး၊ ပြုံးစိစိစကားလုံးလေးများဖြင့် ခြယ်မှုန်းထားသည်။ ခေတ်မမီတော့သည့် အကျိုးမဲ့ယုံကြည် စွဲလမ်းမှု များကို ပယ်ပျောက်စေပြီး သိပ္ပံနည်းကျအကျိုးပြု ခေတ်မီနည်းလမ်း များ၊ အတွေးအခေါ်များဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် ညီညာဖြဖြ လူငယ်အချင်းချင်း စာနာရိုင်းပင်း ကူညီလှူဒါန်းကြပုံများကို ဝတ္ထုတို တစ်ပုဒ်ချင်းအလိုက် အံဝင်ခွင်ကျ၊ ရသပါပါ၊ မြူးကြွစွာ ဖော်ကျူးရေးသား ထားသည်။ ထို့ပြင် ကျေးလက်သဘာဝ၊ သိမှတ်စရာသုတများကိုပါ ပီပြင်ပေါ်လွင်စေပြီး ကြည်နူးပီတိခံစားရစေသည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၂၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်