စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

 

ပြန်ကြားရေးဝန်ကြီးဌာန       ပုံနှိပ် ရေးနှင့်    ထုတ်ဝေရေးဦးစီးဌာန  စာပေဗိမာန်က   ၂၀၁၈   ခုနှစ် အတွက်    စာပေဗိမာန်စာမူဆု၊ ဝတ္ထုပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ        သုတိဩဘာ (ဆင်ပေါင်ဝဲ) ၏ “တစ်ဆုပ်ဆန် ကျောင်းအပါအဝင် အခြားဝတ္ထုတို များ”စာအုပ်ကို  ဖြန့်ချိရောင်းချ လျက်ရှိသည်။


ယင်းစာအုပ်တွင်  ဝတ္ထုတို စုစုပေါင်း ၁၆ ပုဒ်     ပါဝင်သည်။  စာရေးသူသည်    ရဟန်းတစ်ပါး ဖြစ်သည်နှင့်အညီ   ယနေ့ခေတ် ကျေးလက်     တောရွာများတွင် ဆင်းရဲချို့တဲ့စွာ  သာသနာပြုနေ ကြသော ရဟန်းသံဃာတော်များ ၏  အခက်အခဲ၊ ဘဝရုန်းကန်မှု နှင့် ခံစားချက်များကို   ရေးသား ဖော်ညွှန်းထားသည်။    တပည့် ဒါယကာများနှင့်   ဆက်ဆံရေး၊ အလှူဒါနနှင့်ပတ်သက်၍   ပကာ သန   ဖက်တတ်သော    လူ့ဘဝ၊ ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်လျှင်    ကြုံရတတ်သော လူမသိနိုင်သည့်       ဘဝများ၊ လောကီအငွေ့  အသက်များနှင့် ကင်းကင်းနေချင်သဖြင့်  ကျောင်း ကိုပစ်ပြီး  တောရပ်မှီခါမှ   ရွာမီး လောင်နေသည်ဟူသော သတင်း စကားကြောင့်    ကျန်ခဲ့သည့် ကျောင်း၊    ကိုးကွယ်ထားသည့်  ရုပ်ပွားတော်၊ အဖိုးမဖြတ်နိုင်သော  ပေစာထုပ်များအတွက်   ပူပန် ကြောင့်ကြရသော    ရဟန်း၏ အဖြစ် ၊ ဘုရားသားတော်ဖြစ်နေ သဖြင့် ငယ်သူငယ်ချင်း အရက် သမားကို အစွမ်းကုန်မကူညီနိုင်၍  ဝမ်းနည်းရပုံကို ရသမြောက်စွာ ရေးသားထားသည်။ စာရေးသူ၏  လောကအမြင်သည် ခေတ်မီပြီး ထူးခြား  လေးနက်သည့်အပြင်  စကားပြေညက်ညောပြီး အရေး သွက်သည်။ အလျဉ်းသင့်သလို ဟာသလေးများပင် ထည့်သွင်း ရေးသားထားသဖြင့် စိတ်ဝင်စား ဖွယ်၊    နှစ်လိုဖွယ်ကောင်းသည့် စာအုပ်ကောင်းတစ်အုပ်    ဖြစ်ပါ သည်။


အဆိုပါ စာအုပ်ကို ရောင်းဈေး  ငွေကျပ် ၁၇၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ    စာပေ ဗိမာန်စာအုပ်ဆိုင်    ဖုန်း-၀၁-၂၉၄၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅)၊    သပြေကုန်းဈေး၊ နေပြည်တော်ရှိ   စာပေဗိမာန် စာအုပ်ဆိုင်      ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊  မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း-၀၂- ၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေ ဗိမာန်ကိုယ်စားလှယ်များထံတွင်  ဆက်သွယ်   ဝယ်ယူနိုင်ကြောင်း  နှင့်    လက်ကားမှာယူလိုပါက အမှတ် ၅၂၉ - ၅၃၁ ကုန်သည် လမ်းရှိ  စာပေဗိမာန်   အရောင်း ဌာန ဖုန်း- ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။  

 

သတင်းစဉ်