စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ

 

 

နေပြည်တော်  နိုဝင်ဘာ   ၉


ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေ ဗိမာန် စာမူဆု စာပဒေသာ ဒုတိယဆုရ “မင်းသျှင်အောင်(တွံတေး)” ရေးသားသည့် “ရာမဇာတ်ထဲက ရေကျော်မောင်မောင်” စာအုပ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များ ထံသို့ ဖြန့်ချိလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး  ကျန်အသင်းဝင်များသို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ခရိုင်ရုံးများမှတစ်ဆင့်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက်ရှိပါသည်။
စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေ ဗိမာန်စာအုပ်အသင်း အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-၀၁-၂၄၉၀၃၁၊  ၃၈၁၄၄၈  သို့   လိပ်မူ၍  ဆက်သွယ်နိုင်ကြောင်း သိရသည်။                                                                သတင်းစဉ်