စာပေဗိမာန် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   ဩဂုတ်  ၂၅


ပြန်ကြားရေးဝန်ကြီးဌာန၊  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် (၇၅) နှစ်မြောက်  စိန်ရတုအထိမ်းအမှတ် အခမ်းအနား ကို ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီတွင်   ရန်ကုန်မြို့ ကုန်သည် လမ်းနှင့်(၃၇)လမ်းထောင့်ရှိ စာပေဗိမာန်ခန်းမ၌  ကျင်းပမည်ဖြစ်ရာ အဆိုပါ  အခမ်းအနားကျင်းပပုံများကို  နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်ပြီး      မြန်မာ့ရုပ်မြင်သံကြား   MRTV – HD၊ MRTV  News Channel ၊ MWD HD ၊ MWD Variety ၊ MITV ၊ Skynet Up to Date ၊   Channel – 9 ၊ MOI Website ၊  MOI Youtube ၊ MRTV Website နှင့်  မြန်မာ့အသံရေဒီယိုတို့မှ  တိုက်ရိုက် (LIVE) ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။             

သတင်းစဉ်