
မန္တလေး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက် ရေးနေ့ အထိမ်းအမှတ် ညစာ စားပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာ မန္တလေးဟိုတယ်၌ ကျင်းပသည်။
ညစာစားပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးမြို့ရှိ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ၊ မန္တလေး ဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ညစာစားပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာတွင် ယနေ့ အချိန်မှာ မသမာသူအချို့၏အဖျက် အမှောက်လုပ်ရပ်အမျိုးမျိုး ကြုံ တွေ့နေရသော်လည်း မန္တလေး မြို့ကြီး အကျည်းတန်အရုပ်မဆိုး ရလေအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည့် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေးမြို့၏ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များ၊ ဆရာဆရာမ များ၊ ကျောင်းသား ကျောင်းသူများ အား ချီးကျူးလေးစားပါကြောင်း နှင့် အသိအမှတ်ပြုပါကြောင်း၊
စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် ပညာ ရှင်များသည် နိုင်ငံအကျိုးကို ဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည့် အတွက် နိုင်ငံပြုသုခမိန်များဟု ပြောကြရမည် ဖြစ်ပါကြောင်း၊မိမိတို့၏ အနုပညာစွမ်းအား ဖြင့် တိုင်းပြည်တည်ငြိမ်တိုးတက် အောင် ဆက်လက်ဆောင်ရွက် ပေးကြစေလို ပါကြောင်းနှင့် ကျောင်း သား ကျောင်းသူများသည် မိမိတတ်ကျွမ်းသည့် ပညာဖြင့် တိုင်းပြည်က အားကိုးရသည့် ဆရာဝန်များ၊ သမားတော်ကြီးများ ဖြစ်အောင် ကြိုးစားကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မန္တလေးမြို့ တည်ငြိမ်အေးချမ်းမှုကို ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြသည့် ပြည်သူများကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ပြည်သူများ၏ စိတ်ချမ်းသာမှုနှင့် ဘဝတိုးတက် ရေးအတွက် မိမိတွင် တာဝန်ရှိ သည်ဟု ခံယူပြီး ကြိုးစားဆောင် ရွက်ပေးနေပါကြောင်း၊ စာတတ် မြောက်ရေးနေ့ အခမ်းအနားကို နေ့ခင်းပိုင်းက ကျင်းပခဲ့ပြီး ယခု ညစာစားပွဲသို့ တက်ရောက်လာ ကြသူများအား ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက မြို့မတေးဂီတ သက် ကြီးပညာရှင် ငါးဦးအား ဆုများ ကို လက်ရောက်ပေးအပ်ချီးမြှင့် သည်။ဆက်လက်၍ ပြည်ထောင် စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ အား လက်ဆောင်ပစ္စည်းများ လက်ရောက် ပေးအပ်ကြသည်။
ဆက်လက်၍ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ က ကံစမ်းမဲများ နှိုက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများသည် အတူတကွ ညစာသုံးဆောင်ကြသည်။ညစာ သုံးဆောင်စဉ် အနုပညာရှင်များ က တေးသံသာများဖြင့် ဖျော်ဖြေ တင်ဆင်ကြသည်။
နံနက်ပိုင်းက ပြည်ထောင်စု ဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာ၌ တည်ထား ကိုးကွယ်လျက်ရှိသည့် သီတဂူ ဆန်ချီစေတီတော်နှင့် သီတဂူ နွေရာသီ စံကျောင်းတော်တို့ကို သွားရောက်ကြည်ညိုရာ တည် ဆောက်ရေး တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး သည့်နောက်တွင် ဗုဒ္ဓအယူဝါဒီ တို့က ဘုရား၏ ဓာတ်တော် မွေတော်များကို ခိုင်ခံ့လုံခြုံ သော ထူပါရုံစေတီတော်ကြီးများ၌ ဌာပနာကြ၏။ ဤသို့ဖြင့် သီရိဓမ္မာ သောကမင်း၏ ခေတ်လောက်မှ စ၍ ထူပါရုံစေတီတော်ကြီးများ သည် အိန္ဒိယနိုင်ငံအလယ်ပိုင်း ဗိုပါးစီရင်စု၊ ဗိုပါးမြို့၏ အရှေ့ မြောက် ၂၃ မိုင်အကွာတွင် တည် ရှိသော ရွာကလေး တစ်ရွာ ဖြစ်သည့် ဆန်ချီရွာတစ်ဝန်း၌ ပေါ်ထွန်းခဲ့ကြရာ ထိုအကြောင်း ကိုမှီ၍ ဆန်ချီရွာသည် ရာဇဝင် တွင် ထင်ရှားကျော်စောလာခဲ့သည်။
ထူပါရုံစေတီတော်ကြီးများကို ဗီတွာမြစ်၏ လက်ဝဲဘက်ကမ်း ပေ ၃ဝဝ အမြင့်ရှိသော သဲကျောက် တောင်ကုန်းငယ်တစ်ခုတွင် တည် ထား ဆောက်လုပ်ခဲ့ကြသည်။ ဆန်ချီ တောင်ကုန်းပေါ်၌ကား ထူပါရုံစေတီတော်ကြီးပေါင်း ၁ဝ ဆူမျှ ရှိခဲ့လေသည်။ ယင်းတို့ အနက် စေတီတော်ကြီးတစ်ဆူမှာ အချင်းအားဖြင့် ၁ဝ၃ ပေခန့်ရှိ ၍ ဉာဏ်တော်အားဖြင့် ၄၂ ပေ ခန့် ရှိ၏။ ယင်းကို သီတဂူဆန်ချီ စေတီတော်အဖြစ် သီတဂူဆရာ တော်ကြီး ဒေါက်တာ အရှင် ဉာဏိဿရဦးစီး၍ ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာ၌ တည် ထား ကိုးကွယ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။
ထို့နောက် ပြင်ဦးလွင်မြို့ရှိ ခရိုင်စာကြည့်တိုက်ကို ကြည့်ရှု စစ်ဆေးပြီး ကလေးစာဖတ်ခန်း အတွင်း စာပေလေ့လာဖတ်ရှုနေ ကြသော ကလေးငယ်များအား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး တို့က လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ခရိုင်နှင့် မြို့နယ် ပြန်/ဆက်ရုံး ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ် သည်။
ယင်းနောက် ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်း တည်ဆောက် ရန် လျာထားသည့်မြေနေရာကို ကြည့်ရှုကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့ ၃၂ မိုင် အောင်ချမ်းသာကျေးရွာရှိ ဝိပဿီဓမ္မရိပ်သာသို့ ရောက်ရှိပြီး ဆရာတော် အရှင်ပညိန္ဒအား ဖူးမြော်ကြည်ညိုကာ လိုဏ်ဂူ တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လည်းကောင်း၊ ဗြဟ္မစရိယ ဓမ္မဗိမာန်တော်အတွင်း ယောဂီများ တရားအားထုတ်ရန် စီစဉ်ထားသည့် နေရာများ ကိုလည်းကောင်း လှည့်လည် ကြည်ညို လေ့လာသည်။
မွန်းလွဲပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန အထက်မြန်မာပြည် အစိုးရပုံနှိပ် စက်ရုံ (မန္တလေး) သို့ ရောက်ရှိ ပြီး ဝန်ထမ်းများအား တွေ့ဆုံ မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် စက်ရုံအတွင်းရှိ ပုံနှိပ်စက်များ၊ စက္ကူဂိုဒေါင်၊ စာအုပ်ချုပ်စက်များနှင့် စက္ကူဖြတ် စက်များ၊ လုပ်ငန်းဆောင်ရွက်နေ မှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
သတင်းစဉ်