
ကရင်တိုင်းရင်းသား မျိုးစေ့ဘဏ်နှင့် မဟာမဲခေါင် ဒေသ စိုက်ပျိုးရေးနှင့် အသိပညာဖွံ့ဖြိုးတိုးတက်ရေး စင်တာ(GMSAEDC)တို့ ပူးပေါင်း၍ နိုင်ငံ့စားနပ် ရိက္ခာဖူလုံရေးအတွက် အရေးပါလှသော မျိုးစေ့ စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း GMSAEDC မှ သိရ သည်။
မျိုးရင်းမျိုးစေ့များကို ရေရှည်ထိန်းသိမ်းထားနိုင် ရေးသည် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအတွက်လည်း အရေးပါသကဲ့သို့ စိုက်ပျိုးရေးနိုင်ငံတစ်ခုအတွက် ထုတ်ကုန်တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက်လည်း အဓိကနေရာမှ ပါဝင် သည့်အတွက် မြန်မာနိုင်ငံမျိုးစေ့ဘဏ် (Seed Bank) ကို ၁၉၉၀ ပြည့်နှစ်ကပင် ဂျပန်အစိုးရ (JICA) ၏ ကူညီပံ့ပိုးမှုနှင့်အတူ စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်အောက်တွင် နေပြည်တော် ရေဆင်း၌ စတင် တည်ထောင်ကာ မျိုးစေ့စုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ မျိုးပွားကာ ဖြန့်ဖြူးခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ကရင်ပြည်နယ်တွင်လည်း ကရင့် မျိုးရင်းမျိုးစိတ်များ စုဆောင်းခြင်းနှင့် ထိန်းသိမ်း ခြင်းလုပ်ငန်းများကို ယခင်နှစ်များအတွင်းက အကြိမ်အနည်းငယ် ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ဒေသအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် တောနက် ထဲထိအောင် နေရာဒေသအစုံတွင် စုဆောင်းနိုင်ခြင်း မရှိခဲ့ကြောင်း၊ ထို့ပြင် ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် မျိုးစေ့စုဆောင်းခြင်းခရီးစဉ်များ ရပ်ဆိုင်းထားသဖြင့် ကရင်တိုင်းရင်းသားညီအစ်ကို များ နေပြည်တော်ရှိ မျိုးစေ့ဘဏ်သို့ လေ့လာရေးနှင့် အလည်အပတ်ခရီး လာရောက်ကြစဉ်အတွင်း ဒေသခံညီအစ်ကိုများက မျိုးစေ့ကူညီစုဆောင်းပေးရန် တောင်းဆိုဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း GMSAEDC- Greater Mekong Subregion Agricultural and Education Development Center မှ Post Project Coordi-nator ဒေါ်ရီဆွေအေးက ပြောကြားသည်။
ဖာပွန်၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်နှင့် ဘားအံအတွင်းပိုင်းရှိ နေရာများမှ ဒေသမျိုးစိတ်များ စုဆောင်းရေးလုပ်ငန်းစဉ်များကို ဒေသခံများ၏ အကူ အညီဖြင့် အသီးသီးလုပ်ဆောင်နေကြရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် မျိုးရင်းမျိုးစေ့များ အမျိုး ၈၀ ခန့် စုဆောင်း ရရှိခဲ့ပြီးဖြစ်သည်။ ဒေသခံများ၏ အကူအညီရယူကာ ပထမဆုံးအကြိမ် ကရင်ပြည် နယ်မှ မျိုးစေ့စုဆောင်းခြင်းအတွက် အမျိုးပေါင်း ၁၀၀ ခန့်ရရှိရေး ရည်မှန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် စုဆောင်းရရှိထားသော မျိုးများထဲတွင် ဒေသသစ်ခွများ၊ ဟင်းသီးဟင်းရွက်များ၊ ဆေးဖက်ဝင် အပင်များ၊ ပန်းမန်များနှင့် သစ်တောပင်ကြီး မျိုးစေ့ များ ပါဝင်ကြောင်း၊ နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင်ရှိသော မျိုးစေ့ဘဏ်သည် နှစ်စဉ်နှစ်တိုင်း မျိုးစေ့စုဆောင်းခြင်းကို ၁၉၉၀ ပြည့်နှစ်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှ စ၍ ရောဂါကပ်ဆိုးကြောင့် နှောင့်နှေးဟန့်တားမှုများ ကြုံကြိုက်ခဲ့ရသဖြင့် ရပ်ဝေးဒေသများသို့ သွားရောက် နိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် ဒေသခံများ၏ စိတ်အားထက်သန်မှုကြောင့် ထင်မှတ်မထားလောက် အောင် များစွာသော မျိုးစေ့တို့ကို စုဆောင်းနိုင်ခဲ့ပြီးဖြစ်သကဲ့သို့ ယခုအချိန်ထိ စုဆောင်းနေဆဲဖြစ် ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
၂၀၂၁ ခုနှစ် မိုးရာသီ မျိုးစေ့စုဆောင်းချိန်တွင်မူ လူသူအရောက်အပေါက်ခက်ခဲသည့် ဖာပွန်ဒေသ အတွင်းပိုင်းနေရာများတွင်ရှိသော ဒေသမျိုးစိတ်များ စုဆောင်းရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ် ဆောင်လျက်ရှိရာ ယခုနှစ်အတွက် နှစ်ရှည်သီးပင်စား ပင်မျိုးစေ့၊ ဆေးဖက်ဝင်ပင်များနှင့် သစ်တောပင်ကြီး မျိုးစေ့ အမျိုးပေါင်း ၂၀ ခန့် ရရှိရေး ရည်မှန်း လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် ဒူးရင်းမျိုးကွဲ များ၊ မင်းကွတ်၊ ကြက်မောက်၊ စွန်ပဒတ်၊ ကနစို၊ သစ်တို၊ ရေငန်း၊ လက်ခုပ်၊ ကျွတ်သီး၊ တညင်၊ သပြု၊ ကဒတ်ဥ၊ မြောက်ဥ၊ ပဒတ်စာ၊ ကွမ်း စသည့် ကမ်းရိုး တန်းရာသီဥတုကို ကြိုက်နှစ်သက်သော မျိုးစိတ်များ အား ဦးစားပေးစုဆောင်းပြီး အချို့ကို သုတေသန ပြုလုပ်နိုင်ရန် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မျိုးထိန်းခြံများတွင် ထိန်းသိမ်းစိုက်ပျိုးထားရှိမည် ဖြစ်ရာ ထိုသို့စုဆောင်းရာတွင် မျိုးစေ့များမှာ ရှားပါး မျိုးစိတ်များဖြစ်ရန် မလိုဘဲ ဒေသမျိုးများကို ထိန်းသိမ်းလိုသည့် ရည်ရွယ်ချက်ဖြင့်သာ စုဆောင်း ခြင်းဖြစ်သည်ဟုလည်း သိရသည်။
မျိုးစေ့များကို စနစ်တကျ မှတ်တမ်းယူခြင်း၊ စာရင်းသွင်းခြင်းနှင့် မျိုးပွားထိန်းသိမ်းခြင်းများကို မျိုးစေ့ဘဏ်သို့ ပို့ဆောင်ကာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဂျပန်နိုင်ငံရှိ မျိုးစေ့ သုတေသနဌာနများသို့ ပို့ဆောင်ကာ ကမ္ဘာ့စားနပ် ရိက္ခာနှင့် သဘာ၀ရင်းမြစ်များဆိုင်ရာ သိပ္ပံစမ်းသပ်မှု များ ပြုလုပ်သွားနိုင်ရေးအတွက် ရှေးရှုပြီး စုဆောင်း ရာတွင် မျိုးစေ့များမှာ ရှားပါးမျိုးစိတ်များ ဖြစ်ရန် မလိုဘဲ မည်သည့်အသုံးဝင်မျိုးစိတ်ကိုမဆို စုဆောင်း နိုင်ကာ မျိုးစေ့စုဆောင်းရာတွင် လူတို့စားသုံးသော အပင်များသာမက တိရစ္ဆာန်ကျွေးသော၊ ဆေးဖက်ဝင် သော၊ စားသုံး၍မရ ဆေးဖက်လည်း မဝင်သည့်တိုင် အသုံးအဆောင်အဖြစ် ပြုလုပ်သော အပင်မျိုးစေ့များ ကိုလည်း စုဆောင်းပေးနိုင်ကြောင်း၊ ဒေသတွင်းရှိ မူလမျိုးများဖြစ်သော စပါး၊ ပဲ၊ ခရမ်း စသည့် မူလ ရှေးမျိုးများသာမက ရိုးရာဟင်းများတွင် ထည့်သွင်း ချက်ပြုတ်သော တောထွက်ဟင်းသီးဟင်းရွက်များ၊ သစ်ဥသစ်ဖုများ၊ မည်သည့်အပင်မျိုးစိတ်မျိုးစေ့များကိုမဆိုစုဆောင်းနိုင်ပြီး ထိုသို့စုဆောင်းရရှိလာသည့် မျိုးများကို မျိုးစေ့ဘဏ်တွင် မျိုးပွား၍သော်လည်း ကောင်း၊ အစေ့ကို သိုလှောင်၍သော်လည်းကောင်း ထားရှိကာ အနာဂတ်စားနပ်ရိက္ခာဖူလုံရေးအတွက် မျိုးသစ်များ မျိုးစပ်သုတေသနပြုလုပ်ခြင်း၊ အထွက် ကောင်းပြီး ရောဂါဒဏ်ခံနိုင်သောမျိုးများ ထုတ်လုပ် ခြင်း၊ အာဟာရဓာတ် ထူးကဲပြည့်၀သောမျိုးများ ထုတ်လုပ်ခြင်းနှင့် ပြောင်းလဲလာသော ရာသီဥတုဒဏ် ကို ခံနိုင်ရည်ရှိသည့်မျိုးများ ထုတ်လုပ်ခြင်းတို့တွင် မိဘမျိုးရင်းများအဖြစ်ထားရှိကာ လိုအပ်သောမျိုးရိုး ဗီဇ ထုတ်ယူနိုင်ရေး စသည်တို့အတွက် အသုံးချသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကရင်ပြည်နယ်ရှိ ကရင်မိဘမျိုးရင်း မျိုးစေ့များ စုဆောင်းခြင်းလုပ်ငန်းတို့တွင် ပါဝင် ကူညီပေးကြပါရန်နှင့် မျိုးစေ့များကို ကူညီစုဆောင်း ပေးပို့လိုပါက Facebook pmrsufESmf (Greater Mekong Subregion Agricultural and Education Development Center) ၏ messager မှတစ်ဆင့် အကြောင်းကြားနိုင်ကြောင်းနှင့် ဌာနမှတစ်ဆင့် နေပြည်တော် မျိုးစေ့ဘဏ်သို့ ထပ်ဆင့်ပေးပို့သွားမည် ဖြစ်ကြောင်း Post Project Coordinator ဒေါ်ရီဆွေ အေးထံမှ သိရသည်။
မင်းမင်းလတ် (မန်းတက္ကသိုလ်)