စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ပြီး အသိပညာပေးခြင်းနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်ရန် မှာကြား

 

နေပြည်တော်   နိုဝင်ဘာ   ၁၄


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည်  နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန  ဝေါမြို့နယ်ရုံးတွင်   လည်း ကောင်း၊ မွန်းလွဲပိုင်းတွင် ကျိုက်ထို၊ ဘီးလင်းမြို့နယ်ရုံးများနှင့် သထုံ ခရိုင်ရုံးတို့တွင်     လည်းကောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများ အားတွေ့ဆုံ၍   လုပ်ငန်းဆိုင်ရာ များ ဆွေးနွေးမှာကြားသည်။

 


ဒုတိယဝန်ကြီးသည်  ယနေ့  နံနက်ပိုင်းတွင်      သံဖြူဇရပ်မြို့ ထပ်ဆင်လွှင့်စက်ရုံအား  ကြည့်ရှု စစ်ဆေးသည်။  ထို့နောက်  သံဖြူ ဇရပ်မြို့နယ်ရုံး၊ ရေးမြို့နယ်ရုံးနှင့် ညနေပိုင်းတွင်   ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံးနှင့် ထားဝယ်ထပ်ဆင့်လွှင့်  စက်ရုံတို့တွင်     တိုင်းဒေသကြီး ဦးစီးမှူး၊  ခရိုင်ဦးစီးမှူး၊    မြို့နယ် ဦးစီးမှူးများနှင့်     ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများမှ  စက်ရုံ တာဝန်ခံများအားတွေ့ဆုံ၍ လိုအပ် သည်များ မှာကြားသည်။

 


ဒုတိယဝန်ကြီးသည် ဝန်ထမ်း များနှင့် တွေ့ဆုံရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းလာပြီ ဖြစ်၍ မိမိတို့ စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ပြီး ပြည်သူလူထု နှင့်ထိ‌တွေ့၍ အသိပညာပေးခြင်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ပြန်လည်စတင်  ဆောင်ရွက်ရန်၊ လူငယ်များ  အသိပညာတိုးတက် မြင့်မားရေး သက်ဆိုင်ရာဌာနများ    နှင့်    ပူးပေါင်းဆောင်ရွက်ရန်၊ ဝန်ထမ်းကောင်းပီသစွာ အရောင် အသွေးကင်းပြီး   နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာစောင့် သိရန်နှင့် လိုအပ်သည့်ဝန်ဆောင်မှု များ အပြည့်အဝပေးနိုင်အောင် ကြိုးစားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း လာသော်လည်း  အသိပညာပေး လုပ်ငန်းများကို မလျှော့သေးဘဲ  ဆက်လက်  ဆောင်ရွက်ကြရန်၊ မိမိတို့ကိုယ်တိုင် အသိပညာဗဟု သုတ ရှာဖွေလေ့လာပြီး ပြည်သူ လူထုအား ဖြန့်ဝေနိုင်ရေး အလေး ထားဆောင်ရွက်ကြရန်၊         ရုံး  အဆောက်အဦများနှင့်စက်ရုံ၊ စက် ပစ္စည်းများ လုံခြုံရေး ဂရုပြုရန် နှင့်   ထပ်ဆင့်လွှင့်စက်ရုံ   စက် ပစ္စည်းများ မပျက်စီး၊ မပျောက်ဆုံး  အောင် ထိန်းသိမ်းစောင့်ရှောက်ကြ ရန်တို့ကို မှာကြားခဲ့သည်။ 


သတင်းစဉ်