ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်အပိုင်း(၁) တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   အောက်တိုဘာ   ၂၃


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာ ပလ္လင်တော်အပိုင်း(၁) တည်ထားပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားကို  ယနေ့  နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ   မဟာမင်္ဂလာ မဏ္ဍပ်တော်၌ ကျင်းပပြုလုပ်သည်။

 


အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့    ဩဝါဒါစရိယဆရာတော်     နေပြည်တော် လယ်ဝေးမြို့  ပေါက်မြိုင်ကျောင်းတိုက်   ပဓာန နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ အမှူး ပြုသည့် ဆရာတော် သံဃာတော်များ    ကြွရောက် ချီးမြှင့်တော်မူကြပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊    ကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်        ဒုတိယဗိုလ်ချုပ်မှူးကြီး      စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊   ကောင်စီအတွင်း ရေးမှူး၊  ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊   နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်     တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များ           တက်ရောက် ကြည်ညိုကြသည်။

 


နာယူကြည်ညို


ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ် ပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ် တော်မူကြသည့် မေတ္တာပို့ဂါထာတော်များ ကို နာယူကြည်ညိုကြသည်။ ထို့နောက် ဘုရားဒါယကာ၊     ဒါယိကာမများက ရတနတ္တပူဇာ    ဂါထာတော်နှင့်   သဗ္ဗ သင်္ဂါဟက မေတ္တာပို့လင်္ကာ တို့ကို သံပြိုင် ညီညာရွတ်ဆိုပွားများ ပူဇော်ကြသည်။

 


ထို့နောက် ဦးဆောင်ဘုရားဒါယကာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရတနာပလ္လင်တော်ပူဇော်မည့်နေရာတွင် နေရာယူပြီး မင်္ဂလာအချိန်တွင် မာရဝိဇယရတနာ ပလ္လင်တော်     အပိုင်း(၁)အား   ရတနာ ရွှေမူလီ တပ်ဆင်ပူဇော်ကာ ပရိတ်နံ့သာ ရည်များ ပက်ဖျန်းပူဇော်သည်။

 


ရွတ်ဆိုပူဇော်


ယင်းနောက် မာရဝိဇယရတနာပလ္လင် တော်မြတ်အား ပေါက်မြိုင်ဆရာတော်ကြီး အမှူးပြုသည့်    ဘုရားဒါယကာများက ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော် ကြပြီး     သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစ ချီသည့် ဇယမင်္ဂလာအောင်ဂါထာ တော်များကို ရွတ်ဆိုပူဇော်ကြသည်။ 

 


ဩဝါဒခံယူ


ဆက်လက်ပြီး   အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းလွှာဖတ်ကြား၍ မေတ္တာပို့ အမျှ ပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု  သုံးကြိမ်ရွတ်ဆိုဆုတောင်း၍   အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။ ထို့နောက်  ဦးဆောင်ဘုရားဒါယကာ   နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ပေါက်မြိုင်ဆရာတော် ကြီး အမှူးပြုသည့်   ဆရာတော်ကြီးများ အား ရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ရေးဆိုင်ရာများနှင့် ပတ်သက်၍ တင်ပြ လျှောက်ထားပြီး ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူသည်။
ယင်းနောက် အခမ်းအနားအောင်မြင် ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကြသည်။


လမ်းညွှန်မှာကြား


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည်  ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ပူဇော်နေမှု အခြေ အနေများကို လိုက်လံကြည့်ရှုပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။

 


ယင်းနောက်  ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ရှင်းလင်းဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး    (ကြည်း)  မှ ဒုတိယဗိုလ်ချုပ်ကြီး   ကံမြင့်သန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” တည်ထား        ကိုးကွယ်နိုင်ရေးအတွက်စကျင်ကျောက်တော်ကြီးအား တူးဖော်ခဲ့ မှု၊ နေပြည်တော်သို့ပင့်ဆောင်ခဲ့မှု၊ ပလ္လင် တော်နှင့် ကိုယ်ထည်ပိုင်းတို့အား ထုဆစ် ခြင်းနှင့်   တွဲဆက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေ အနေများ၊    ပိဋကတ်သုံးပုံကျောက်စာ များကို ပါဠိဘာသာ၊   အင်္ဂလိပ်ဘာသာ တို့ဖြင့် ရေးထိုးပူဇော်နိုင်မည့် အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။


ရည်ရွယ်ချက် ၄ ရပ်ဖြင့်တည်ထား 


အဆိုပါ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး” ဟူသည့် အမည်နာမသည် “မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ် အန္တရာယ်အပေါင်းကို  အထူးအောင်မြင် တော်မူသော   မြတ်စွာဘုရား”    ဟု အဓိပ္ပာယ်ဖော်ဆောင်ကြောင်း၊ “မာရဝိဇယ”  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံ တွင်   ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ     ထွန်းလင်းတောက်ပလျက် ရှိမှုအား   ကမ္ဘာကိုပြသရန်၊   တိုင်းပြည် အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော် မြတ်ကြီးသို့ ပြည်တွင်းပြည်ပ ဘုရားဖူး များ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု  အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထား ကိုးကွယ်ရန်       လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊        ရုပ်ပွားတော်မြတ်ကြီးကို မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊   ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့်     သင့်လျော် ညီညွတ်သည့်   ဘူမိဖဿမုဒြာဟန်ဖြင့်  ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး    ပလ္လင် တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း  ၈၁ ပေ အမြင့်ရှိမည် ဖြစ်ကြောင်း၊ ယခုတည်ထားကိုးကွယ်မည့် “မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင် သာမက   ကမ္ဘာ့နိုင်ငံများတွင်ပါ   စကျင် ကျောက်တော်ကြီးဖြင့်      ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံး နှင့်  ဉာဏ်တော်အမြင့်မားဆုံး   ဆင်းတု တော်ကြီးဖြစ်လာမည်     ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်ကို  စကျင်ကျောက်တော်ကြီး အပိုင်း  ၅ ပိုင်း ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ယခု ထုဆစ်ပြီးစီး၍  တည်ထားပူဇော်သည့် ပလ္လင်တော် အပိုင်း (၁) သည် အလေးချိန်  ၆၅၅ တန် ရှိကြောင်းနှင့်   ရုပ်ပွားတော် မြတ်ကြီး၏    ပင်မကိုယ်ထည်ပိုင်းကို အပိုင်း ၄ ပိုင်းဖြင့် ထုဆစ်ပူဇော်သွားမည် ဖြစ်ကာ ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရေးလုပ်ငန်းများ      ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း   သတင်း ရရှိသည်။ 


သတင်းစဉ်