
နေပြည်တော် ဖေဖော်ဝါရီ ၂၀
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယက အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်မှ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA (ဗဟို) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် တို့ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် YMBA (ဗဟို) ဥက္ကဋ္ဌရုံး၌ တွေ့ဆုံစဉ် မှာကြားခဲ့သည့် လမ်းညွှန်ချက် များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ YMBA (ဗဟို) အသင်း ကြီး၌ ပြုလုပ်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌ၊ YMBA သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့နာယက အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ သီရိသုဓမ္မမဏိဇောတဓရ ဦးရဲထွန်းက ထပ်ဆင့်ရှင်းလင်းမှာကြားသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) တိုင်းနှင့်ပြည်နယ်ဥက္ကဋ္ဌများ ညှိနှိုင်း ရေးမှူးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ လည်းကောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) တွဲဖက်အတွင်းရေးမှူး သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် က သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး YMBA အသင်းဥက္ကဋ္ဌက ရန်ကုန် တိုင်းဒေသကြီး YMBA အသင်း၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို လည်းကောင်း၊ မွန်ပြည်နယ် YMBA အသင်းဥက္ကဋ္ဌ သဘာဝဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး ဗဟိုအဖွဲ့ဝင်က သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းနှင့် ပြည်နယ် YMBA အသင်းများနှင့် စေတနာရှင်ပြည်သူ များမှ လှူဒါန်းသည့် အဝတ်အထည်များကို YMBA (ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် YMBA (ဗဟို) ဥက္ကဋ္ဌက နိဂုံးချုပ် အမှာ စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်