ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း

Type

ဤ “ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း” စာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော ဗုဒ္ဓအကြောင်း မှတ်တမ်းတင်ခြင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ အစမှအဆုံးအထိ ဖတ်ကြည့်သောအခါ ဗုဒ္ဓဝင် ဖြစ်ပါသည်။ ဤစာအုပ်သည် မြတ်ဗုဒ္ဓ၏ သန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံသည်အထိ (တေဇောဓာတ် လောင်ကျွမ်းခြင်း) စုဆောင်းဖော်ပြရေးသားထားပါသည်။ မကျဉ်းမကျယ်သော ဗုဒ္ဓအကြောင်း ဖြစ်ပါသည်။ စာရေးသူက တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရေးပြထားပါသည်။                                                                                                                                                                                                    (စာတည်း)

ဆရာကြည်

 

(၂၂-၈-၂၀၂၁ ရက်နေ့မှ အဆက်)
မာရ်နတ်သမီးသုံးဦးတို့ ဖြားယောင်းလာခြင်း 

ဘုရားရှင်ကိုယ်တော်မြတ်သည် သတ္တသတ္တာဟ ဌာန ငါးခုမြောက် “အဇပါလ သတ္တာဟ” အရောက် တွင် မာရ်နတ်သမီးသုံးဦး တဏှာ၊ ရတီ၊   ရာဂါ မည်သော အမျိုးသမီးတို့သည် သူတို့ဖခင်၏ဆန္ဒကို ဖြည့်ဆည်းရန်အတွက် ဘုရားထံသို့ လာကြပါ သည်။ ဖြားယောင်းသွေးဆောင်ရန် လာခြင်းဖြစ် သည်။ ၎င်းတို့သုံးဦးသည်  ၎င်းတို့ဖခင် မာရ်နတ်မင်း နှလုံးမသာမယာ ဖြစ်နေသည်ကို မြင်၍ ဖခင်၏  ဆန္ဒကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ မာရ်နတ်မင်း သည် တစ်ဆယ့်ခြောက်ပါးသော အရေးအကြောင်း တို့ ရေးခြစ်၍ကာ နေပါသည်။ ဘုရားရှင်သည် ဖြစ် လေရာဘဝတို့၌ ဒါနပါရမီကို ထူးခြားလွန်ကျူးစွာ ပြုလုပ်ခဲ့သောကြောင့် ဤရွှေပလ္လင်ကိုရခြင်းဖြစ် သည်။ သူကား  ဤကဲ့သို့မလုပ်ဆောင်မိသော ကြောင့် ရွှေပလ္လင်ကိုမရခြင်းဟူ၍  သူ့ကိုယ်သူ ဝေဖန်သုံးသပ်မိသည်။ 


တစ်ဆယ့်ခြောက်ပါးသော အရေးအကြောင်း မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။   

(၁)    ဒါနပါရမီ၊
(၂)    သီလပါရမီ၊ 
(၃)    နိက္ခမပါရမီ၊
(၄)    ပညာပါရမီ၊ 
(၅)    ဝီရိယပါရမီ၊ 
(၆)    ခန္တီပါရမီ၊ 
(၇)    သစ္စာပါရမီ၊ 
(၈)     မေတ္တာပါရမီ၊ 
(၉)     အဓိဌာနပါရမီ၊ 
(၁၀)     ဥပေက္ခာပါရမီ၊
(၁၁)     ဓနပရိစ္စာဂ၊ 
(၁၂)     အင်္ဂပရိစ္စာဂ၊
(၁၃)     ပုတ္တပရိစ္စာဂ၊ 
(၁၄)     ဘရိယပရိစ္စာဂ၊ 
(၁၅)     ဇီဝိတပရိစ္စာဂ၊
(၁၆)     စရိယာ သုံးပါးတို့ ဖြစ်ကြပါသည်။ 


မာရ်နတ်သမီးသုံးဦးသည်  ဘုရားရှင်ထံသို့ ဖြားယောင်းရန် တစ်ဦးက  ကညာပျိုအရွယ်၊ တစ်ဦးက  သားမဖွားရသေးသောအရွယ်၊ တစ်ဦးက တစ်ကြိမ်သာ သားဖွားပြီးသောအရွယ်ဟု တင့်တယ် စွာတန်ဆာဆင်ပြီး      ဘုရားခြေတော်ရင်း၌ အလုပ်အကျွေးလုပ်ခွင့်ပြုရန်    ဘုရားရှင်ထံသို့ ခွင့်ပန်လျှောက်ထားကြပါသည်။ ဘုရားရှင်သည် ဤအမျိုးသမီးသုံးဦးကို  သိပြီးဖြစ်သောကြောင့် သူသည် ကိလေသာတရားတို့ကို အပြီးအပိုင် ဖယ်ရှား ၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ကိလေသာတို့ကို မစုံမက်၊ ကိလေသာ    မကုန်ခန်းသောသူများကိုသာ ဖြားယောင်း၍ရမည်။ သူ့အားဖြားယောင်း၍မရကြောင်း အောက်ပါ နှစ် ဂါထာဖြင့် ပြန်လည်မိန့်ကြားလေသည်။ 


ကိလေသာကို သဗ္ဗညုတဉာဏ် ရရှိပြီးဖြစ်သော ဘုရားရှင်သည် အပြီးအပိုင် ကုန်စင်နေသောကြောင့် တစ်ဖန် ကိလေသာကို စုံမက်ဖို့ မရှိတော့ပါ။ ယင်းသို့ ဖြစ်ခြင်းသည် တဏှာ၊ ရာဂ အကြောင်းမရှိ၍ အဘယ် မည်သို့မျှ ကပ်ငြိခြင်းမရှိပါ။ 

ကွန်ရက်နှင့်တူသော  ကာမဂုဏ်အာရုံတို့၌ စုံမက်တပ်မက်ခြင်းကင်းသော  ဘုရားရှင်သည် ယုတ်ညံ့သည့်လောကသို့ အောင်ခြင်းငှာ မတတ်နိုင် ပါ။ တဏှာရာဂ  စသည့်အကြောင်းမရှိထသော သိစရာမှန်သမျှ အကုန်သိမြင်သည့် သဗ္ဗညုတဉာဏ် ရရှိပြီးသောကြောင့် မည်သို့ဖြားယောင်းစည်းရုံးခြင်း ကို ဆောင်နိုင်အံ့နည်းဟု နှစ်ဂါထာဖြင့် မိန့်တော် မူခဲ့ခြင်း ဖြစ်ပါသည်။ 


ထိုအခါ၌ နတ်သမီးသုံးဦးတို့သည် ဘုရားရှင် အား သူတို့ဖြားယောင်း  စည်းရုံး၍မရနိုင်၊ မစွမ်းနိုင် ကြောင်းကို အမှန်တိုင်း သူတို့ဖခင် မာရ်နတ်မင်းအား ပြောပေမည်။ ဘုရားရှင်အား ချီးမွမ်းပြောဆိုပြီး သူတို့ ၏ဖခင်  မာရ်နတ်မင်းထံသို့   ပြန်သွားကြလေသည်။ 


တဖုဿ နှင့် ဘလ္လိက ဘုရားရှင်အား ဖူးမြော်ခြင်း


ဘုရားရှင်သည် ဤသို့အားဖြင့် သတ္တသတ္တာဟ ခုနစ်ဌာနတွင် ကဆုန်လပြည့်ကျော်  ၁ ရက်မှ ဝါဆို လဆန်း ၅ ရက်အထိ ၄၉ ရက် စံတော်မူခဲ့ပါသည်။ ဘုရားရှင်သည် ဈာန်ချမ်းသာ ဖိုချမ်းသာဖြင့် စံတော် မူခဲ့ပါသည်။ 


ထို့နောက် လင်းလွန်းပင်ရင်း၌ စံတော်မူပြီး ခုနစ်ရက်မြောက်သောနေ့တွင် မျက်နှာသစ်လိုသည့် ဆန္ဒ ဖြစ်ပေါ်လာပါသည်။ ယင်းသို့ အခြင်းအရာကို သိကြားမင်းသည်သိ၍ ဆေးကြစုသီးကို ဆက်ကပ် တော်မူသည်။ ဘုရားရှင်သည် ယင်းအသီးကို ဘုဉ်းပေး တော်မူသည်။ ထိုသို့အားဖြင့် ကိုယ်လက်သုတ်သင် သည်။ ကျင်ကြီး၊   ကျင်ငယ်  စွန့်တော်မူသည်။ သိကြားမင်းသည် နဂါးပြည်မှဖြစ်သော ကွမ်းရိုးတံပူ ကိုလည်းကောင်း၊ မျက်နှာသစ်ရန်အတွက်  အနော တတ်အိုင်မှရေကိုလည်းကောင်း ဆက်ကပ်လေ သည်။  ထိုကွမ်းရိုးတံပူကို   ဘုရားရှင်သည်ဝါး၍ အနောတတ်အိုင်မှရေဖြင့်   ခံတွင်းဆေးခြင်း၊ မျက်နှာ သစ်ခြင်းတို့ ပြုတော်မူသည်။ 
ဥက္ကလာပဇနပုဒ် ပေါက္ခရဝတီမြို့မှ ကုန်သည် ညီနောင်ဖြစ်ကြသော တဖုဿနှင့် ဘလ္လိကတို့သည် လှည်းငါးရာဖြင့်  မဇ္ဈိမဒေသသို့  ကုန်ရောင်း ကုန်ဝယ် ပြု၍ သွားကြပါသည်။ ဘုရားရှင်ရှိနေသော လင်းလွန်း ပင်နားသို့ ရောက်သွားကြပါသည်။ အတိတ်က ဆွေမျိုး တော်စပ်ဖူးသော  နတ်တစ်ပါးသည်   ၎င်းညီနောင် နှစ်ပါးအား  ဘုရားရှင်ကို   ဖူးစေလိုသောကြောင့် ၎င်းတို့နေသော  လှည်းငါးရာကို  ရပ်တန့်အောင် လုပ်ထားပါသည်။ ထိုအခါ ယင်းသို့ပြုလုပ်သဖြင့် ညီနောင်နှစ်ပါးသည် သူတို့အခက်အခဲကို ပြေလည် စေရန် တောင်းပန်ရိုကျိုးလုပ်ကြပါသည်။ ယင်းအခါ နတ်သားသည် ကိုယ်ထင်ပြ၍     ဘုရားရှင်အား သွားရောက်ဖူးမြော်ရန်၊ ဆွမ်းများကပ်ရန် မှာကြားပါ သည်။ ၎င်းတို့ကလည်း သူတို့တွင်ပါလာသော ကြွတ် ကျစ်မုန့်နှင့် ပျားမုန့်ဆုပ်တို့ကို ဘုရားရှင်အား ဆက်ကပ် လှူဒါန်းကြပါသည်။ 
ပထမဆုံး ဃဋိကာရဗြဟ္မာကြီး လှူဒါန်းထား သော သပိတ်တော်သည် ဘုရားရှင်လက်ဝယ်မရှိဘဲ ကွယ်ပျောက်နေပါသည်။    ဝတ္ထုပစ္စည်းများ ထည့်ရန်အတွက်   သပိတ်တော်များ အလှူခံရန် ဘုရားရှင် စိတ်မှ အကြံဖြစ်ပေါ်လာပါသည်။ ထိုအခါ၌ စတု မဟာရာဇ်နတ်မင်းကြီးလေးဦးသည်   ဣန္ဒနီလာ ကျောက်ညို သပိတ်တစ်လုံးစီကို လှူကြလေသည်။ ယင်းသပိတ်များကို   ဘုရားရှင်ကလက်မခံသော ကြောင့် ပဲနောက်အဆင်းရှိ ကျောက်သပိတ်လေးလုံး ကို လှူဒါန်းကြပါသည်။  ယင်းသပိတ်လေးလုံးကို တန်ခိုးတော်ဖြင့် တစ်လုံးတည်း  လုပ်လေသည်။ ယင်းသပိတ်ဖြင့် မုန့်တို့ကို အလှူခံ၍ ဆွမ်းဘုဉ်းပေး တော်မူ၏။  

 


ဘုရားရှင်သည် ထိုညီနောင်နှစ်ဦးအား အနု မောဒနာတရားများ ဟောကြားပါသည်။ ထိုမှစ၍ ၎င်းတို့နှစ်ဦးသည် “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ”၊ “ဓမ္မံ သရဏံ ဂစ္ဆာမိ” စတင်တရားဟော၍ ရှိခိုးလိုက်ပေ သည်။ သို့ဖြစ်၍ သရဏဂုံနှစ်ပါးကို တည်ဆောက် သော ဥပသကာများဖြစ်၍ “ဒွေဝါစိက သရဏဂုံ တည်သော ဥပသကာများ” ဖြစ်သွားလေသည်။ 

 

၎င်းညီနောင်နှစ်ပါးက ဘုရားရှင်အား အမြဲ မပြတ် ကိုးကွယ်နိုင်ရန် ပူဇော်ဝတ္ထုပစ္စည်းတစ်ခုခု ကို ကရုဏာရှေ့ထား၍ ပေးသနားတော်မူပါဟု လျှောက်ထားကြပါသည်။ ၎င်းတို့၏ လျှောက်ထား ချက်အရ ဘုရားရှင်သည် ညာလက်ဖြင့် ဦးခေါင်း တော်သပ်၍   ဆံတော်ဓာတ်တို့ကို  ပေးသနား လိုက်လေသည်။ 
၎င်းညီနောင်နှစ်ပါးတို့သည် မိမိတို့နေသည့် ပေါက္ခရဝတီမြို့သို့ ပြန်ရောက်ကြသော် “ဆံတော် ဓာတ်” ကို ရွှေကြုတ်အတွင်းထည့်၍ စေတီတော် တည်ထားကိုးကွယ်လေသည်။ 

သဟမ္ပတိဗြဟ္မာမင်းကြီးက ဘုရားရှင်အား တရားဟောရန် တောင်းပန်ခြင်း 
ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် တဖုဿ နှင့် ဘလ္လိကညီနောင်တို့၏  မုန့်ဆွမ်းကိုဘုဉ်းပေးပြီး နောက် ဝါဆိုလဆန်း ၆ ရက်နေ့တွင် လင်းလွန်း ပင်မှ ညောင်ပင်ဆီသို့သွား၍ တင်ပျဉ်ခွေတော်မူ သည်။ ထိုအခါ အကြံအစည်ဖြစ်ပေါ်လာပါသည်။ ပင်ပန်းကြီးစွာအားထုတ်၍  ဘုရားအဖြစ်ရသော အခါ၌ ဤသစ္စာလေးပါး မြတ်တရားကို သိရသည်။ 

ထိုတရားသည် အလွန်ထူးခြားနက်နဲလှပါ သည်။ သာမန်လူ သိမြင်ဖို့ခဲယဉ်းသည်။ မြင်းမိုရ် တောင်အောက်ရှိ မုန်ညင်းစေ့ပမာဖြစ်၍ သိနိုင်ခဲပါ သည်။ ဤသို့သော အကျင့်မှန်တရားကို ပညာရှိတို့ သာသိနိုင်ပေသည်ဟု  စဉ်းစားတော်မူ၏။ ဤလောက ရှိ သတ္တဝါအပေါင်းတို့သည် အာရုံငါးပါး ကာမဂုဏ် များနှင့်   တဏှာလောဘရှိသူများသည်ကိလေ သာတို့ပျော်မွေ့၍  ပညာနည်းပါးသူများ ဖြစ်ကြ သည်။ ထိုသူများသည် ထိုပဋိစ္စသမုပ္ပာဒ်တရားကို သိမြင်နိုင်မည်မဟုတ်ပါ။   သို့ဖြစ်၍ ငါဘုရားရှင် ဟောကြားခြင်းသည်   ပင်ပန်းရုံသာရှိမည်ဟု ယူဆ တွေးတောနေပါသည်။ ထို့အပြင် ကိလေသာ အနာ ရောဂါအမျိုးမျိုး နှိပ်စက်ခံနေကြရသော သတ္တဝါတို့ ကို ဘယ်လိုဟောကြားရမည်ကို ကြံတွေးဆင်ခြင် သည့် စိတ်အစဉ် ဖြစ်ပေါ်နေပါသည်။ ဘုရားရှင်သည် လောလောဆယ်၌ ယင်းသို့စဉ်းစားပြီး တရားဟော ရန် အားမထုတ်လိုသေးသောကြောင့် ဖြစ်ပါသည်။ 

 


ကဿပဘုရားလက်ထက်၌ “သဟဿက” မည်သော ပထမဈာန်ရ ရဟန်းတစ်ပါး စုတေ၍ ပထမဈာန် ဗြဟ္မဘုံ၌ “သဟမ္ပတိ ဗြဟ္မာမင်း” ဖြစ်တော်မူသည်။ ထိုဗြဟ္မာမင်းသည် ဘုရားရှင်၏ ယင်းအကြံကို သိမြင်လေလျှင် လောကကြီး ပျက်စီး သွားမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းဗြဟ္မာမင်းကြီး သည် နတ်ဗြဟ္မာအပေါင်းတို့ခေါ်၍ ကြွေးကြော်ကာ ဘုရားရှင်ထံသို့သွားပြီး တောင်လုံးမျှသော ရတနာ ပန်းကုံးတို့ဖြင့် ပူဇော်ကန်တော့ကြသည်။ ဗြဟ္မာ မင်းသည် ဘုရားရှင်အား တရားဟောတော်မူပါဟု လျှောက်ထား၏။        

 

n စာမျက်နှာ ၉ မှ
ထို့အပြင် ဤလောက၌   အပါယ်တံခါးပိတ်၍ ချမ်းသာသော နိဗ္ဗာန်ကို ဟောပြနိုင်သူသည် အရှင် ဘုရားသာ ဖြစ်ပါသည်။ ဘယ်သူမှ မဟောပြောနိုင် ပါ။ ယခုအခါ၌ “ဘုရားမဟုတ်ဘဲ ဘုရားအမည်ခံတို့ ဖြစ်ကြသည့်    (၁) ပူရဏကဿပ၊   (၂) မက္ခလိ ဂေါသာလ၊ (၃) ပကုဓ ကစ္စာယန၊ (၄) နိဂဏ္ဌနာဋပုတ္တ၊ (၅) အဇိတကေသကမ္ဗလ၊ (၆) သိဉ္စည်း” တို့သည် လူအပေါင်းတို့အားလှည့်ပတ်၍     မိစ္ဆာဝါဒကို ဟောကြားနေကြပါသည်။ ထိုသူတို့၏ ဟောကြား သည့်တရားသည်  နိဗ္ဗာန်တံခါးပိတ်၍ အပါယ် လားကြပေမည်။ ပညာနည်း၍ ကိလေသာများ ကိုသာ ခံစားကြသော သတ္တဝါတို့အား ရသင့်ရထိုက် သော တရားတို့ကို  ဘုရားရှင်ဟောကြားပေးမှ တရားထူးတရားမြတ်ရ၍ မဆုတ်မနစ် မဆုံးရှုံးဘဲ အေးမြချမ်းသာရပါမည်။ ထို့ကြောင့် ဘုရားရှင်က တရားမိုး ရွာသွန်းဖြိုးပေးတော်မူရန် လျှောက်ထား လေသည်။ 
ဤကဲ့သို့ ဖြစ်ရခြင်းသည် ဘုရားရှင်တို့အား ဗြဟ္မာမင်းတို့က  လျှောက်ထားကြမှ တရားဟော သည့် အစဉ်အလာ ဖြစ်ပါသည်။ သာသနာအပ ကာလ၌ လူဝတ်ကြောင်များ၊ ရသေ့၊ ပရိဗိုဇ်များ၊ သူတော်စင်တို့သည် ဗြဟ္မာမင်းကြီးကို ကိုးကွယ်ကြ လေသည်။ 


တစ်လောကလုံး၌ လူအားလုံးသည် ဗြဟ္မာ မင်းကြီးတို့ ကိုးကွယ်ဆည်းကပ်ကြလျှင် ဗြဟ္မာမင်း တို့၏ ကိုးကွယ်သော ဆည်းကပ်သော ဘုရားရှင်ကို လည်း  ကိုးကွယ်လျက်   ရိုသေညွတ်တွား၍ ကိုင်းရှိုင်းလာပေမည်။ သက်ဝင်ယုံကြည်လာပေ မည်။ ထိုအစဉ်အလာအတိုင်း ဘုရားရှင်တို့သည် ဗြဟ္မာမင်း၏ တောင်းပန်လျှောက်ထားမှ တရား ဟောခြင်း ဖြစ်လေသည်။ 


ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် လောကကြီးကို သုံးသပ်ကြည့်ရှုခြင်း
ဘုရားရှင်သည် တရားဟောကြားရန် ဗြဟ္မာ မင်း၏ လျှောက်ထားချက်ဖြစ်သော လုပ်ရပ် “ဗာဟိ ရနိဒါန်း”နှင့် သတ္တဝါများအပေါ် မဟာကရုဏာထား ခြင်းတည်းဟူသော “အဇ္ဈတ္တိက” ထိုအကြောင်း နှစ်ရပ်သည် ပြည့်စုံပြီး ဖြစ်ပါသည်။ ထိုသို့ပြည့်စုံ သောကြောင့် ဗုဒ္ဓစက္ခုအစုံဖြစ်သော “အာသယာ နုသယဉာဏ်၊ ဣန္ဒိယပရော ပရိယတ္တိဉာဏ်”တို့ဖြင့် သတ္တလောကကြီးကို ကြည့်ရှု သုံးသပ်တော်မူသည်။ 


ယင်းသို့ ကြည့်သောအခါ၌ အောက်ပါအတိုင်း သတ္တဝါလေးမျိုးကို တွေ့မြင်တော်မူသည်။ 


(၁)    ဉာဏ်ပညာ ကျယ်ပြန့်သော အသိဉာဏ် ရှိသည့် “ဥဂ္ဂါဋိတ”ဟူသော ပုဂ္ဂိုလ်တစ် မျိုးရှိသည်။ ယင်းပုဂ္ဂိုလ်မျိုးသည်တရား ကို အကျဉ်းမျှဟောပြရုံဖြင့် သစ္စာတရား လေးပါး မြတ်တရားကို ကျွမ်းဝင်သိတတ် သည့် ပုဂ္ဂိုလ်တစ်မျိုး။ 
(၂)     တရားတော်ကို မခြွင်းမချန် အကျယ်ချဲ့ ဟောမှ သိတတ်သော “ဝိပဉ္စိတ” ပုဂ္ဂိုလ် တစ်မျိုး။ 
(၃)     တရားတော်များကို    ချက်ချင်းဟော၊ ချက်ချင်းမသိဘဲ    တရားအလုပ်ကို အားထုတ်လုပ်နေစဉ်မှာပင်   တဖြည်း ဖြည်းမှ သိတတ်သော   ပုဂ္ဂိုလ်တစ်မျိုး။ “နေယျ” ဟု ခေါ်ပါသည်။ 


(၄)     တရားတို့ကို ယခုဘဝတွင်       မည်မျှ ဟောဟော သိကျွမ်းခြင်းမရှိပါ။ နောက် နောင်ဘဝများအတွက် နာယူလေ့ရှိ သည်။ အထုံပါအောင်   အားထုတ်သည့် ပုဂ္ဂိုလ် တစ်မျိုး။   “ပဒပရမ’’ဟု  ခေါ်ပါသည်။ ဤသို့အားဖြင့် လေးမျိုးဟု ဘုရားရှင်က သတ်မှတ်မြင်တော်မူခဲ့ပါသည်။ 
ထို့နောက်  ဘုရားရှင်သည်  လောကတွင် ကျွတ်ထိုက်သော ပုဂ္ဂိုလ်၊ လူ၊ နတ်၊ ဗြဟ္မာ “ဘဗ္ဗာ’’ များနှင့် မကျွတ်ထိုက်သေးသူ “အဘဗ္ဗ” ဟု နှစ်မျိုး ခွဲခြားပါသည်။ ထို့အပြင် ဘုရားရှင်သည် ကျွတ်ထိုက် သူများကို နိဗ္ဗာန်နန်း ဝင်ရောက်နိုင်ရန် မဂ္ဂင်တရား ရှစ်ပါး တံခါးရှစ်ပေါက် ပိတ်ဆို့မထားကြောင်း၊ ဖန်တီး ပေးထားကြောင်းနှင့် မကျွတ်ထိုက်သော ကိလေသာ ထူပြောသော လူ၊ နတ်၊ ဗြဟ္မာတို့ကို နားလည်သဘော ပေါက်လာမည်မဟုတ်၍   ပင်ပန်းရုံသာဖြစ်မည် ဖြစ်ကြောင်း၊  ယင်းအတွက်ကြောင့် တရားမဟော ကြောင်းတို့ကို “သဟမ္ပတိဗြဟ္မာကြီး”သည် ဘုရား ရှင် တရားဟောရန် တောင်းပန်လျှောက်ခဲ့ရာ ဘုရား ရှင် ဝန်ခံကတိရပြီဖြစ်၍ သူနေသောဌာနသို့ ပြန်သွား လေသည်။ 


ရှေးဦးစွာ တရားရေအေး တိုက်ကျွေးရမည့်သူများကို ရှာခြင်း
ဘုရားရှင်သည် မိမိရရှိထားသော တရားများ ဟောကြားရန် ရှေးဦးစွာ ရှာဖွေကြည့်ပါသည်။ ဘုရား ဘဝသို့ မရောက်မီ အမှန်တရားကို ရှာဖွေစဉ်ကာလ၌ သူ့အား လောကီဈာန်များရအောင် သင်ကြားပေး သူကို တွေ့မြင်သိလာပါသည်။ ထိုသူကား မည်သူဖြစ် သည်ဆိုသော် “ကာလာမအနွယ်ဖြစ်သော အာဠာရ” ရသေ့ကို မြင်သည်။ ၎င်းသည် ပညာဉာဏ်လည်း ရှိသည်။ ကိလေသာများ ကင်းသူလည်း ဖြစ်သည်။ ထိုသူကိုတရားဟောရလျှင် ကောင်းမည်ဟု စဉ်းစား ပါသည်၊ အကြံဖြစ်ပါသည်။  


ထိုအခါတွင်      ကိုယ်ကိုထင်ရှားမပြဘဲ နတ်သားတစ်ပါးသည် ဘုရားရှင်အား အာဠာရ ရသေ့သည် သေလွန်သည်မှ   ခုနစ်ရက်မြောက်သောနေ့ ဖြစ်ကြောင်း ပြောလာပါသည်။ ယင်းသို့သိရသောအခါ ဘုရားရှင်သည်  ဤရသေ့အား ဘယ်မှာရှိမလဲဟု ကြည့်ရှုသော် “အရူပဘုံ” “အာကိဉ္စညာယတန’’၌ ဗြဟ္မာဖြစ်နေ သည်ကို မြင်လေသည်။ ထိုရသေ့သည် သူ့တရားနာလိုက်ရလျှင် နိဗ္ဗာန်သို့ရောက်၍ ယခုလို အရှုံးကြီးမရှုံး  ဖြစ်ရချေမည်ဟု  ရင်သပ်ရှုမောခဲ့ ရပါသည်။  
ထို့နောက် ဆက်လက်၍ ရှာပြန်သော် ဘုရားရှင် သည် ရာမ၏သားဖြစ်သော  “ဥဒက’’ ရသေ့ကို တွေ့မြင်သည်။ ရှေ့နည်းတူ နတ်သားကပင် ယင်း “ဥဒက’’ ရသေ့သည် ယမန်ရှေ့နေ့ကပင် သေလွန်ပြီ ဖြစ်ကြောင်း ပြောကြားလာပါသည်။ ထိုအခါ ဘုရား ရှင်သည် ပညာဉာဏ်နှင့်ပြည့်သူ ပုဂ္ဂိုလ်လည်း ဖြစ် သည်။ ကိလေသာပြုမှု ကင်းစင်သူလည်း ဖြစ်သည်။ သစ္စာတရားလေးပါးမြတ်တရားကို  ဟောကြား သိသွား၍ ယခုလို အရှုံးကြီးရှုံးမည်မဟုတ်ပါ။ ယခု၌ ၎င်းရသေ့သည် “အရူပဘုံ”    “နေဝသညာနာသ  ညာယတနဘုံ”၌ ဗြဟ္မာဖြစ်နေလေသည်။ 


ထိုမှတစ်ဆင့် ရှေးဦးစွာ တရားဟောရန် ကြည့်ရှု ပြန်သော် ဘုရားရှင် ဘုရားမဖြစ်ခင်၌ လုပ်ကျွေး ကျေးဇူးပြုဖူးသော ပဉ္စဝဂ္ဂီငါးဦး မြင်သည်။ ယခု အချိန်၌ ၎င်းတို့သည် “ဣသိပတန” မည်သော “မိဂဒါဝုန်” တောတွင် နေထိုင်ကြသည်ကို ဘုရားတို့၏ ဉာဏ်တော်ဖြင့် မြင်လေသည်။ ဘုရားရှင်သည် ဗောဓိ ပင်မဏ္ဍိုင်အနီးမှ လှည့်လည်ဆွမ်းခံကာ ရက်အနည်း ငယ်နေပြီး ၁၈ ယူဇနာဝေးသော ဗာရာဏသီပြည် အနီးရှိ မိဂဒါဝုန်တော  ပဉ္စဝဂ္ဂီငါးဦးရှိရာသို့ ကြွလေ သည်။ ဘုရားရှင်သည် ကောင်းကင်မှ ပထမကြွခဲ့ပါ သည်။ မဟာဗောဓိနှင့် ဂယာ(ဗုဒ္ဓဂယာ) အကြား၌ ခရီးသွားနေကြသော ဥပကတက္ကတွန်း၏ နောင်အနာ ဂတ်ဖြစ်လတ်သောအကြောင်းကို မြင်တော်မူပြီး ခြေကျင်ကြွသွားတော်မူသည်။ မဟာဗောဓိပင်နှင့် ဗုဒ္ဓဂယာသည် သုံးဂါဝုတ်ကွာဝေး၏။ ဗောဓိပင်နှင့် ဗာရာဏသီပြည်တို့သည် ၁၈  ယူဇနာ ဝေးကွာပါ သည်။ 


ဘုရားရှင်သည် ဥပကတက္ကတွန်းနှင့် တွေ့ဆုံခြင်း
မဟာဗောဓိပင်နှင့် ဂယာသီသအကြား ခရီးသွား နေသော ဥပကတက္ကတွန်းနှင့် ဘုရားရှင် တွေ့ဆုံလေ သည်။ ဥပကတက္ကတွန်းက “ဘုရားရှင်အား သင် သည် ဣန္ဒြေလည်းရှိ နှစ်သက်ဖွယ်ရှိသည်။ ကိုယ် ရောင်အဆင်းကလည်းသန့်စင်၍  ပြိုးပြိုးပျက်ပျက် ကိုယ်မှလည်း   အရောင်ထွက်နေသည်ဟုပြော၍ “သင်မည်သူနည်း၊    သင့်ဆရာက ဘယ်သူနည်း” စသည်ဖြင့် မေးလေသည်။  


ဘုရားရှင်ကလည်း ပြန်လည်ပြောကြားသည်မှာ ကျွန်ုပ်သည် ဘုံသုံးပါး၌ တရားအားလုံးကို အကြွင်း ကျန်မရှိ သိတော်မူသည်။ တပ်မက်သော တဏှာ၏ ကုန်ရာ နိဗ္ဗာန်သို့  သက်ဝင်မည့် ပုဂ္ဂိုလ်ဖြစ်သည်။ တရားအားလုံးကိုလည်း ဆရာမရှိ၊ မိမိအလိုလို သိတော်မူ၏။ အကုသိုလ်တရားတို့ကို ပယ်ရှား တော်လှန်ပြီးသူလည်း ဖြစ်၏။ ယင်းသို့ အောင်မြင် သောကြောင့် “ဇိန” မည်သည်။ ဓမ္မစကြာတရားကို ဗာရာဏသီပြည်အနီး မိဂဒါဝုန်တောသို့သွား၍ တရားဟောကြားမည်ဖြစ်ကြောင်း ဘုရားရှင်က    မိန့်ကြားလေသည်။ ဥပကသည်   ဘုရားဖြေကြား သည်ကို ကျေနပ်သည်။ လက်ခံသည်။ သို့သော် ၎င်းသည် ခရီးလွှဲ၍ “ဝင်္က”မည်သော   ဇနပုဒ်သို့ သွားလေသည်။ 

ဥပကသည်   ဤလောက်တရားနာရုံဖြင့် မရနိုင်သေးသည်ကို သိသည်။  ၎င်းသည်  နောင်၌ “ဇိန”ဟူသော အမည်ကိုမေး၍ ဘုရားထံ၌ တရား နာပြီး အနာဂါမ် ဖြစ်လာလေသည်။ ယင်းသို့ဖြင့် အခြေအနေကို ဥပကအား နိဒါန်းပြု၍ အစပျိုးထား ခြင်း ဖြစ်ပါသည်။  
“စဏ္ဍာဇိ” မုဆိုးဆိုသူသည် ဝင်္ကဇနပုဒ်၌ နေသည်။ ဥပကသည် ယင်းမုဆိုးကို  အမှီပြု၍ နေသည်။ ၎င်းမုဆိုး၏သမီး “စာပါ” ကို အလွန် နှစ်သက်၍ မစားနိုင် ဖြစ်နေသည်။ ယင်းအဖြစ် ကိုသိ၍ မုဆိုးသည် သူ့သမီး “စာပါ”နှင့် ပေးစား လိုက်ပါသည်။ ၎င်းစာပါ ထိမ်းမြားလက်ထပ်ပြီး နောက် ကလေးတစ်ယောက် ရရှိပါသည်။ ထိုအခါ မှာ “စာပါ” သည် ဥပကတက္ကတွန်းအား  စောင်း မြောင်း၍ သူ့သားကို ဆုံးမချေရာ၌  ဤသို့ဆိုပါ သည်။ “ပညာလည်းမတတ်၊ ဘာမျှအသုံးချလို့မရ၊ ဆန်ကုန်မြေလေး၏ သား”ဟု ပြောဆိုဆုံးမလေ့ရှိ သည်။ ယင်းစကားသံကို နေ့စဉ်ကြားနေရ၍ ဥပက ရှက်လည်းရှက်သည်၊ နား၌လည်း ငြီးငွေ့လာပါ သည်။ တစ်နေ့တွင် ဥပကတိတ်တဆိတ် ထွက်သွား ၍ “ဇိန” မည်သောအမည်ကိုမေး၍ ဘုရားထံသို့ သွားပြီး တရားနာခဲ့ပါသည်။ ဥပကတက္ကတွန်းသည် ဘုရားရှိရာ ဇေတဝန်ကျောင်းတော်၌ တရားနာ၍ အနာဂါမ် ဖြစ်သွားလေသည်။ ၎င်းသည် သေလွန် သောအခါ၌ အဝိဟာဘုံတွင် ဗြဟ္မာမင်း ဖြစ်သွား သည်။ ယင်းသို့ဖြစ်သွားသည့်တစ်ပြိုင်နက် ရဟန္တာ ဖြစ်သွားလေသည်။   ။