
နေပြည်တော် ဒီဇင်ဘာ ၃၁
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင် လျက်ရှိသည့်အပြင် နိုင်ငံတော်၏ မြေပေါ်၊ မြေအောက်သယံဇာတများကို တရားမဝင် ထုတ်ယူသုံးစွဲမှုများ မရှိစေရေးအတွက်လည်း တရားဥပဒေစိုးမိုးရေးတာဝန်များကို နေ့ည မပြတ် ထမ်းဆောင်လျက်ရှိသည်။
ထိုသို့ ထမ်းဆောင်လျက်ရှိရာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃၀ ရက် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် မြစေတီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀ ခန့်အကွာသို့ အရောက် ၌ ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေတူးဖော်လျက်ရှိသည့် စက်လှေ ၅၇ စင်းနှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် သစ်သားမျောစင် သုံးခုအပါအဝင် ဆက်စပ်ပစ္စည်းများ ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် စက်လှေများနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်