
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ် ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်တွင် အရပ်သား ၁၄ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖမ်းဆီးထားကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများသည် ဖေဖော်ဝါရီ ၁၈ ရက်က မံစီမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် KIA၊ PDF အမည်ခံအကြမ်းဖက် သမားများ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဗန်းမော် မြို့သို့ ခေတ္တတိမ်းရှောင်လာသူများ ဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ယင်းဂိတ်တွင် ဖမ်းဆီးမှုများရှိကြောင်း ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်စေ ရန်နှင့် အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ အချို့က မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဗန်းမော်မြို့နယ်မှ လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် မြို့အဝင်၊ အထွက်နေရာများကို လုံခြုံရေး အရ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ၎င်းအရပ်သား ၁၄ ယောက်ကို ဖမ်းဆီးထားသည်ဆိုသော သတင်း မှာလည်း မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
ဗန်းမော်မြို့နယ် အတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ် ဆောင်နေသည့် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ သည် တိုက်ပွဲများတွင် ထိခိုက် သေဆုံးမှု များပြားခြင်းကြောင့် ဒေသခံ တိုင်းရင်းသားပြည်သူ များကို အတင်းအဓမ္မ လူသစ် စုဆောင်းလျက်ရှိသဖြင့် ဒေသခံ လူငယ်များမှ နီးစပ်ရာမြို့ကြီးများ သို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်းနှင့် မိဘပြည်သူများ၊ လူငယ်လူရွယ်များ စိုးရိမ်ထိတ်လန့် စေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများမှ ကောလာ ဟလသတင်းမှားများကို ထုတ်လွှင့် နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်