
ဗန်းမော် မေ ၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း လတ်တလော နယ်မြေ မတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ဗန်းမော် မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ယာယီ နေရပ်စွန့်ခွာ အိမ်ထောင်စုများအား မိုးမကျမီ အမိုး အကာအောက် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဗန်းမော် မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် မေ ၃ ရက် နံနက် ၈ နာရီက ဗန်းမော် မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် ဝန်ကြီးများဖြစ်ကြသည့် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော် မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်မှ ဗိုလ်မှူးကြီး တင်မင်းလတ်၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး သွေးလှူဘဏ်၌ (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၏ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းနေသည့် တပ်ဖွဲ့ဝင် များအား အာဟာရဖြည့်အစားအစာများကို လည်းကောင်း၊ မီးသတ်တပ်ဖွဲ့နှင့် သွေးလှူဘဏ် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို လည်း ကောင်း ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ဆေးရုံကြီး ခွဲစိတ်ကုသဆောင်၌ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီးလူနာများအတွက် ထောက်ပံ့ ငွေများကိုလည်းကောင်း (အပေါ်ပုံ)၊ ထို့အတူ ပြည်နယ်မိခင်နှင့် ကလေးကြီးကြပ်မှု စောင့်ရှောက် ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များကလည်း ကလေးဖျာနာကုသဆောင်၌ ဆေးဝါးကုသမှုခံယူနေသော ကလေးငယ်များ၊ မီးဖွားပြီးစကလေးငယ်များ၊ မိခင်များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် ကလေးငယ်များအတွက် ထောက်ပံ့ ငွေများကိုလည်းကောင်း ပေးအပ်သည်။
ယင်းနောက် ဗန်းမော်ခရိုင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရုံးသို့ သွားရောက်ပြီး ရောဘတ် IDPs စခန်း အတွင်းရှိ မိဘမဲ့ဂေဟာမှ ကလေးများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြကာ ဂေဟာ အတွက် ဆန်အိတ် ၅၀၊ အသင်းတော်အတွက် ဆန်အိတ် ၂၀၊ IDPs စခန်းအတွက် ဆန်အိတ် ၅၀၊ မိခင်နှင့် ကလေးကြီးကြပ်မှု စောင့်ရှောက်ရေး အသင်းက ဂေဟာအတွက် ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ကြာဆံ၊ ကြက်သွန်၊ အာလူးတို့နှင့် ဂေဟာတာဝန်ခံ ဆရာ ဆရာမများ အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် သည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/ အဖွဲ့များ၊ လူမှုပရဟိတ အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပပြီး ပြည်နယ် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေး၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအရေးကိစ္စရပ်များတွင် ယခုလို တက်ကြွ စွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှုများကို မိမိ အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြစေလိုကြောင်း ပြောကြားပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့ ခြောက်ဖွဲ့အတွက် ဆန် ၁၀ အိတ်စီနှင့် လူမှုပရဟိတအသင်း/ အဖွဲ့ ၁၀ ဖွဲ့အတွက် ဆန် ၁၀ အိတ်စီတို့ဖြင့် စုစုပေါင်း ဆန်အိတ် ၁၆၀ နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အတွက် ငွေကျပ်သိန်း ၂၀ ကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ စာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် လူမှုပရဟိတကူညီကယ်ဆယ်ရေး အသင်း/ အဖွဲ့များမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်ချက်များနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ လက်ခံထားရှိမှု အခြေအနေများ၊ အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)