ဗန်းမော်ခရိုင် ကိုဗစ်စင်တာများတွင် ကုသနေသောလူနာများအတွက် အာဟာရဖြည့်အစားအစာနှင့် ကိုဗစ်အသုံးအဆောင်များ လှူဒါန်း

 

နေပြည်တော်   စက်တင်ဘာ ၂၉


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကွပ်ကဲမှုအောက်ရှိ  ဗန်းမော်ခရိုင်အတွင်း    ကိုဗစ်စင်တာများတွင် တက်ရောက်ဆေးကုသနေသော ကိုဗစ်လူနာများအတွက် အာဟာရ ဖြည့်အစားအစာများအပြင် ဆေးဝါးအသုံးအဆောင်များဖြစ်သော Mask ၊ Hand Gel များကို ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး    ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့်အဖွဲ့ဝင်များက ဗန်းမော်  ပြည်သူ့ ဆေးရုံကြီး၏ကြီးကြပ်မှုအောက်ရှိ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကုသမှုစင်တာသို့  ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ 


မြို့နယ်(ပြန်/ဆက်)