ဗိုလ်မှူးချုပ် ဝင်းကိုကို တီးတိန်မြို့၌ သဘာဝဘေးသင့်ပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းပေးအပ်

 

တီးတိန်     မေ    ၂၅


ချင်းပြည်နယ်       တီးတိန်မြို့၌  တီးတိန်ခရိုင်          သဘာဝဘေး ပြန်လည်ထူထောင်ရေးတာဝန်ခံဗိုလ်မှူးချုပ်ဝင်းကိုကိုနှင့် တာဝန် ရှိသူများသည်    အမှတ်(၂၆၉) ခြေလျင်တပ်ရင်းခန်းမ၌  မေ ၂၄ ရက်က တီးတိန်မြို့ သဘာဝဘေး သင့်ပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းပေးအပ် ပွဲသို့ တက်ရောက်သည်။

 


ဦးစွာ   ဗိုလ်မှူးချုပ် ဝင်းကိုကို က  မုန်တိုင်းဒဏ်သင့် ပြည်သူများ အား   ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ သဘာဝ ဘေးသင့်  ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက  ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။  

 


အဆိုပါ     သဘာဝဘေးသင့် ပြည်သူများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ် ရေးဥက္ကဋ္ဌ  ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊   သဘာဝဘေး သင့်ပြည်သူများ     တက်ရောက်ခဲ့ကြ ပြီး  တီးတိန်မြို့၌  မိုခါမုန်တိုင်း တိုက်ခတ်စဉ်  ကာလအတွင်း မိုးရွာ သွန်းမှု၊  လေပြင်းတိုက်ခတ်မှုများ ကြောင့် အိမ်ထောင်စု ၂၁ စု၊  လူဦး ရေ ၁၃၄ ဦး၊ စာသင်ကျောင်း သုံး ကျောင်း   သဘာဝဘေးဒဏ်ကျ ရောက်ခဲ့ကြောင်း သိရသည်။

မိုးမိုး