
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖွင့်ပွဲအခမ်းအနားနှင့် မြန်မာနိုင်ငံကလေးများနေ့
( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်းအမှတ်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
==============================================================
နေပြည်တော် ဖေဖော်ဝါရီ ၁၃
နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားနှင့် မြန်မာနိုင်ငံကလေးများနေ့ ( ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့) အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်းပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေနှင့် နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော် မရှင်ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ၎င်းတို့၏ ဇနီး များ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဦးကြည်မင်းနှင့် ဦးအောင်ထူး၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော် ကောင်စီဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ၊ နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖြစ်မြောက်ရေး ဦးစီးကော်မတီဝင် များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင် များ၊ ဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးက နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းပြောပြိုင်ပွဲကို ကျင်းပသည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းပြောပြိုင်ပွဲတွင် ဆုရရှိကြသူ များအား ဆုများပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တို့က အထူးဆုရရှိကြသူများကိုလည်း ကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် ပြည်ထောင်စုဝန်ကြီး များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများနှင့် လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများသည် အခမ်း အနားသို့ တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
မွန်းလွဲပိုင်းတွင် အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံကလေးများနေ့(ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်း အမှတ် ကဗျာရွတ်၊ သီချင်းဆိုနှင့် ကျပန်းစကားပြော ပြိုင်ပွဲများကို ကျင်းပပြီး မြန်မာနိုင်ငံ ကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲ အထက်တန်း အဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ခဲပန်းချီပြိုင် ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်း အဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်း ကောင်း၊ ဆေးပန်းချီပြိုင်ပွဲအထက် တန်းအဆင့်နှင့် အလယ်တန်းအဆင့် တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ ကဗျာ ရွတ်ပြိုင်ပွဲ မူလတန်းအဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ သီချင်းဆိုပြိုင်ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်း အဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ ကျပန်းစကားပြောပြိုင် ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်း အဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်း ကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်