
လန်ဒန် ဇွန် ၂၄
ဗြိတိန်တွင် ဇွန် ၂၃ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၆၁၃၅ ဦး ရှိကြောင်း ဖော်ပြမှု နှင့်အတူ ဖေဖော်ဝါရီအစောပိုင်း မှစကာ တစ်နေ့အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ယခု အခါတွင် ၄၆၆၇၈၇၀ ရှိလာခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် ဆက်စပ်သေဆုံးသူ ၁၉ ဦး ရှိ ကြောင်း ဖော်ပြမှုနှင့်အတူ ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် သေဆုံးသူ ပေါင်း ၁၂၈ဝ၂၇ ဦးအထိ ရှိလာ ခဲ့သည်။
အဆိုပါပမာဏမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားပြီး ၂၈ ရက် အတွင်း သေဆုံးသည့် လူဦးရေ ပမာဏသာဖြစ်သည်။
ဗြိတိန်ရှိ လူပေါင်း ၄၃ သန်း ကျော် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးပြီဖြစ် ကြောင်းသိရပြီး ၃၁ သန်းမှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး ပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့သည့် ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ်သည် ဗြိတိန်၏ ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွား မှု၏ အဓိက တရားခံဖြစ်သည်။ ယခုအခါ နောက်ထပ် ဒယ်လ်တာ ပလက်စ်ဟု အမည်ပေးထားသော ကိုဗစ်-၁၉ မျိုးစိတ်သစ်တစ်မျိုး သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုကို ပိုမိုဖြစ်ပွားစေနိုင်သည့်အပေါ် သုတေသီများက စိုးရိမ်လျက် ရှိသည်။
ဆင်ဟွာ