ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ကူးစက်မှုများကြားမှ အပိုဆောင်းကာကွယ်ဆေးထိုးကြရန် ပြင်ဆင်လျက်ရှိ 


 

လန်ဒန်   ဒီဇင်ဘာ  ၁၃ 
ဗြိတိန်နိုင်ငံတွင်  အရွယ်ရောက်ပြီး သူအားလုံးကို   ယခုလကုန်ပိုင်း တွင်  ကိုဗစ်- ၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးပေးနိုင်လိမ့်မည် ဟု ဗြိတိန်ဝန်ကြီးချုပ်  ဘောရစ် ဂျွန်ဆင်က ပြောသည်။ 
ကိုဗစ်-၁၉  မျိုးကွဲ အိုမီခရွန် ကူးစက်မှုများ များပြားလာစဉ် ယခုလိုလုပ်ဆောင်ခဲ့ခြင်း     ဖြစ် သည်။ ဒီဇင်ဘာ ၁၂ ရက် ညပိုင်း ရုပ်မြင်သံကြား   မိန့်ခွန်းတွင် ဝန်ကြီးချုပ်က  ယခုလိုပြောကြား ခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေး အပိုဆောင်းထပ်ထိုးပေးမည့်အစီအစဉ်ကို  ကနေဦးအဆင့်အနေဖြင့် တစ်လအတွင်း    စတင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်ဟု   ပြော ကြားခဲ့သည်။
အိုမီခရွန်ကူးစက်မှုမှာ  ဒီရေ အလားလျင်မြန်စွာ   ကူးစက်ပျံ့နှံ့ လာသည်ဟုလည်း ၎င်းက  သတိ ပေး  ပြောကြားခဲ့သည်။  ကာကွယ် ဆေးနှစ်ကြိမ်        ထိုးရုံမျှဖြင့် လုံလောက်သည့်    အကာအကွယ် ပေးနိုင်စွမ်း ရှိ  မရှိ မသိရသေးဟု သတိပေးပြောကြားခဲ့သည်။
သတင်းကောင်း   တစ်ခုမှာ သိပ္ပံပညာရှင်များသည်    တတိယ အကြိမ်      ကာကွယ်ဆေးအတွက် ယုံကြည်မှု      ခိုင်ခိုင်မာမာရှိကြပြီး  ကာကွယ်နိုင်မှု     အဆင့်အတန်း လည်း ပြန်လည်ရောက်ရှိလာမည် ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။ 
နှစ်သစ်ကူးမတိုင်မီ  အင်္ဂလန် တွင် အသက် ၁၈ နှစ်နှင့် အထက် များကို    အပိုဆောင်းကာကွယ်ဆေးထိုးပေးနိုင်မည်ဟု    ဘောရစ် ဂျွန်ဆင်ကပြောသည်။     အင်္ဂလန် သည် ဗြိတိန်နိုင်ငံရှိ လူဦးရေအများ အပြား   နေထိုင်ရာနေရာလည်း ဖြစ်သည်။        အင်န်အိတ်ချ်ကေ