
လန်ဒန် ဇူလိုင် ၅
ဗြိတိန်နိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီ ဖြစ်သည့် လေဘာပါတီသည် ဇူလိုင် ၄ ရက် က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ တွင် အဓိကအနိုင်ရရှိခဲ့သည်ဟု သိရသည်။
အောက်လွှတ်တော် ပါလီမန်အမတ် နေရာ ၆၅၀ တွင် ၃၂၆ နေရာ အနိုင်ရရှိခဲ့သည် ဟုသိရသည်။ လေဘာပါတီခေါင်းဆောင် ကီရာစတာမာသည် ဗြိတိန်နိုင်ငံ၏ လာမည့် ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့မည်ဖြစ်ပြီး ၁၄ နှစ်တာ ကာလအတွင်း ပထမဦးဆုံး အပြောင်းအလဲလည်း ဖြစ်သည်။ လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီဆူနက်သည် အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်သွား ကြောင်း ဇူလိုင် ၅ ရက်က ဝန်ခံပြောကြား သည်။
ထို့နောက် လေဘာပါတီ၏အနိုင်ရရှိမှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုအတွက် ဂုဏ်ပြုကြောင်းပြောရန် ကီရာစတာမာထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ဆူနက်က ပြောသည်။
ရွေးကောက်ပွဲရှုံးနိမ့်မှုအတွက် ၎င်းထံ တွင် တာဝန်ရှိပြီး ယင်းအတွက် စိတ်မကောင်း ဖြစ်ရကြောင်း ဆူနက်က ဆက်ပြောသည်။ လန်ဒန်သို့ဆက်သွားမည်ဖြစ်ပြီး ဝန်ကြီးချုပ် ရာထူးမှ မနုတ်ထွက်မီ ရွေးကောက်ပွဲရလဒ် အကြောင်း ဆက်ပြောမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
စတာမာ ဗြိတိန်ဝန်ကြီးချုပ်အသစ် ဖြစ်လာစေရေး လမ်းဖွင့်ပေးသည့်အနေဖြင့် မကြာမီအချိန်အတွင်း လက်ရှိဝန်ကြီးချုပ် ဆူနက်က ၎င်း၏ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာချက်ကို ထုတ်ပြန်မည်ဟု ခန့်မှန်း ထားသည်။
အင်န်အိတ်ချ်ကေ