
ဗြိတိန်စက်ဘီးစီးအားကစားမယ် ကာဒီနာကော့ဇ်သည် သြဂုတ် ၂၇ ရက်က တိုကျိုမသန်စွမ်းအားကစားပြိုင်ပွဲ၏ C4-5 500m time trial စက်ဘီးစီးပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်သစ်တင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။
ရီယိုအားကစားပြိုင်ပွဲ၌ စက်ဘီးစီးနှင့် ပြေးခုန်ပစ်အားကစားတွင် ရွှေတံဆိပ်ရရှိခဲ့သော အသက် ၃၀ ရှိ ကာဒီနာသည် ကနေဒါကမ္ဘာ့ချန်ပီယံ ကိတ်အိုဘရိုင်ယန်၏ စံချိန်ဖြစ်သည့် ၃၅ ဒသမ ၈၃၀ စက္ကန့်ကို ချိုးနိုင်ခဲ့ပြီး ဗြိတိန်၏ ခုနစ်ခုမြောက် ရွှေတံဆိပ်ကို ရယူပေးနိုင်ခဲ့သည်။ ကာဒီနာသည် ၃၄ ဒသမ ၈၁၂ စက္ကန့်ဖြင့် စံချိန်ဟောင်းကို ချိုးနိုင်ခဲ့သည်။
ယနေ့ အစောပိုင်းက ဗြိတိန်အားကစားသမား ဂျာကိုဗန်ဂက်စ်သည် C1-3 1000m time trial စက်ဘီးစီးပြိုင်ပွဲ ပွဲစဉ်တွင် ကြေးတံဆိပ်ကို ရရှိခဲ့သည်။ ဂျာကို ဗန်ဂက်စ်သည် သြဂုတ် ၂၆ ရက်က C3 ပွဲစဉ်တွင် ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သော်လည်း အောင်မြင်မှုအတွက် တင်းတိမ်၍မရသေးပေ။
ဘီဘီစီ