ဗီယက်နမ်တွင် ပထမဆုံးအကြိမ်အစုလိုက် အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွား

 

ဟိုချီမင်း  ဇန်နဝါရီ   ၁၉  


ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးပြည်တွင်း အိုမီခရွန်ဗိုင်းရပ်စ်  ကူးစက်ဖြစ်ပွားသူ သုံးဦးကို  ဟိုချီမင်းမြို့တောင်ပိုင်းတွင် အတည်ပြုခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက ဇန်နဝါရီ   ၁၉  ရက်တွင် အတည်ပြုဖော်ပြခဲ့သည်။ 

 


သုံးဦးလုံးမှာ      မကြာသေးမီက အမေရိကန်ပြည်ထောင်စုမှ  ဗီယက်နမ် နိုင်ငံသို့  ဝင်ရောက်လာသော  တခြား ကိုဗစ်-၁၉ လူနာတစ်ဦးနှင့်    ဆက်စပ် နေသူများဖြစ်ကြောင်း     ဟိုချီမင်းမြို့ ရောဂါ ထိန်းချုပ်ရေးစင်တာက      ဖော်ပြ သည်။ 

 


ရောဂါကုသရန်   ပုဂ္ဂလိကဆေးခန်း သို့ မလာမီတွင် ၎င်းတို့တွင် လည်ချောင်း နာခြင်းနှင့် နှာစေးခြင်းများဖြစ်ပေါ်ခဲ့သည်။ ၎င်းတို့၏နမူနာများကို   ပီစီအာရ်နှင့် သက်ရှိဇီဝပစ္စည်း၏      မျိုးပွားပစ္စည်း များကို စမ်းသပ်စစ်ဆေးခဲ့ရာ အိုမီခရွန် ဗိုင်းရပ်စ်     ကူးစက်ဖြစ်ပွား နေကြောင်း   တွေ့ရှိခဲ့သည်ဟု   ရောဂါထိန်းချုပ်ရေး စင်တာက အတည်ပြုပြောကြားသည်။ 

 


လူနာများကို ယခုအခါတွင် သီးသန့် ခွဲခြားစောင့်ကြည့်လျက်ရှိကြောင်းနှင့် အခြေအနေ   တည်ငြိမ်ကောင်းမွန်လျက်ရှိ ကြောင်း သိရသည်။ ၎င်းတို့နှင့်နီးကပ်စွာ ထိတွေ့ခဲ့သူများကိုလည်း  လိုအပ်သည် များ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ 

 


ဇန်နဝါရီ ၁၈ ရက်   အစောပိုင်းက ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း အိုမီခရွန်ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားလျက်ရှိသူ ၇၀   ရှိကြောင်းနှင့် ၃၀မှာ  ဟိုချီမင်းမြို့မှဖြစ်ကြောင်း သိရ သည်။  ကူးစက်ခဲ့သူအားလုံးမှာ နိုင်ငံခြား မှ ပြန်ရောက်လာသူများဖြစ်ပြီး ဗီယက် နမ်သို့   ရောက်ရောက်ချင်း တင်းကျပ်စွာ    ကန့်သတ်ထားသူများ ဖြစ်ကြသည်။

 

 
ဇန်နဝါရီ ၁၈ ရက်အထိ ဗီယက်နမ် နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၀၆၂၁၂၈ ဦးရှိပြီး    နှစ်သန်းကျော်မှာ ၂၀၂၁ ခုနှစ် ဧပြီနှောင်းပိုင်းက စတင်ခဲ့ သော ကူးစက်မြန်ပြင်းထန်  ဒယ်လ်တာ ကိုဗစ်-၁၉ လှိုင်းဂယက်ကြောင့် ဖြစ်သည်။            

                        
ဆင်ဟွာ