
ဟနွိုင်း ဇန်နဝါရီ ၂၄
ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီ ၂၄ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၄၃၂၆ ဦး ရှိလာကြောင်း ဖော်ပြခဲ့ပြီး ၎င်းတို့ ထဲတွင် ၁၄၃၀၇ ဦးမှာ ပြည်တွင်းကူးစက်ဖြစ်ပွားမှုဖြစ်ကာ ၅၅ ဦး မှာ ပြည်ပကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ထပ်မံ အတည်ပြုခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသစ် များကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည်ပြု ကူးစက်ဖြစ်ပွားသူ ပေါင်းမှာ ယခုအခါ ၂၁၅၅၇၈၄ ဦး အထိ ရှိလာခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ၃၆၈၈၄ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဆက်လက်ဖော်ပြသည်။
ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အများဆုံးဖြစ်ကာ ဇန်နဝါရီ ၂၄ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၈၀၁ ဦး ရှိသည်။ ထို့နောက် ဒါနန်မြို့တွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူ ၉၅၈ ဦးနှင့် မြောက်ပိုင်း ဟိုင်ဖွန်မြို့တွင် ၇၃၃ ဦး ကူးစက် ဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည်ကျန်းမာလာသူ ၁၈၄၁၁၈၀ ရှိလာပြီး တတိယ အကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၂၃ ဒသမ ၈ သန်းအပါ အဝင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာ ၁၇၆ ဒသမ ၄ သန်း ရှိလာပြီဖြစ် သည်။
ထို့အပြင် နိုင်ငံအတွင်း အိုမီ ခရွန် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားနေသူ ၁၆၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက အတည်ပြုဖော်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် ယခု အချိန်အထိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု လှိုင်းဂယက် လေးကြိမ် တိုင်တိုင် ရိုက်ခတ်ခဲ့ပြီးဖြစ်သည်။ ဇန်နဝါရီ ၂၄ ရက်အထိ ဗီယက်နမ် နိုင်ငံတွင် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂ ဒသမ ၁ သန်း ကျော်လွန်ခဲ့သည်။
ဆင်ဟွာ