
ဟနွိုင်း ဒီဇင်ဘာ ၂၈
ဗီယက်နမ်နိုင်ငံ၌ ပထမဆုံး အိုမီခရွန်ကူးစက်မှုကို တွေ့ရှိခဲ့ပြီး ဟနွိုင်း မြို့ရှိ အသွားအလာစောင့်ကြည့်ကန့်သတ်ရေးစင်တာတွင် ထားရှိစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါလူနာမှာ ဒီဇင်ဘာ ၁၉ ရက်ကတည်းက ဗြိတိန်နိုင်ငံမှ ဟနွိုင်းမြို့သို့ ပြန်လာသူဖြစ်ပြီး ကိုဗစ် -၁၉ ကူးစက်ခံထားရသည် ဟု တွေ့ရှိခဲ့သည်။ ထို့နောက် ၎င်းကို အသွားအလာစောင့်ကြည့် ကန့်သတ်ရေးစင်တာတွင် ထားရှိခဲ့သည်။ ထို့နောက် ၎င်း၏နမူနာကို စစ်ဆေးကြည့်ရာ အိုမီခရွန်ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။
ဟနွိုင်းမြို့အစိုးရအဖွဲ့ကလည်း အိုမီခရွန်ကူးစက်ပျံ့နှံ့နေသည့် နိုင်ငံများမှ ပြန်လာသူများအားလုံး ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ အသွားအလာစောင့်ကြည့်ကန့်သတ်မှုခံယူရမည်ဟု အမိန့်ထုတ်ခဲ့သည်။ ဒီဇင်ဘာ ၂၇ ရက်တွင် ဗီယက်နမ်နိုင်ငံ ၌ ကိုဗစ် -၁၉ ကူးစက်ခံရသူ ၁၆၆၆၅၄၅ ဦးရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ