ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားသူ ၃၉၈ ဦးရှိ 

 

 

ဟနွိုင်း ဇွန် ၂၈ 
ဗီယက်နမ်နိုင်ငံတွင် ဇွန် ၂၈ ရက်က ကိုဗစ်-၁၉   ထပ်မံကူးစက် ဖြစ်ပွားသူ ၃၉၈ ဦးရှိကြောင်း ဖော်ပြခဲ့သည့်အနက် ၃၈၉ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ကိုးဦးမှာ ပြည်ပကူးစက်မှု ဖြစ်သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၆ဝ၄၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ 
အစုလိုက်ကူးစက်ဖြစ်ပွားသူများအနက် ၂၁၈ ဦးမှာ ဟိုချီမင်းမြို့၊ မှလည်းကောင်း၊ ၄ဝ  မှာ  ဘင်ဒေါင်ပြည်နယ်  တောင်ပိုင်းမှလည်း ကောင်း၊ ၃၃ ဦးမှာ   ဘတ်ဂင်ပြည်နယ် မြောက်ပိုင်းမှလည်းကောင်း  အသီးသီးဖြစ်ကြသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူအများစုမှာ ယခင်ကိုဗစ်-၁၉ ဖြစ်စဉ်   သို့မဟုတ်  အစုလိုက်ကူးစက်မှုများနှင့်   တစ်နည်းမဟုတ် တစ်နည်း ဆက်နွှယ်နေသူများဖြစ်သည်။ 
နိုင်ငံတစ်ဝန်း လူပေါင်း ၆၅၁၉ ဦးမှာ   ကိုဗစ်-၁၉ မှ  ပြန်လည် ကောင်းမွန်လာမှုနှင့်အတူ  လူပေါင်း ၁၇၇ဝဝဝ ကို သီးသန့်ကန့်သတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ဇွန် ၂၈ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းမှာ ၁၄၂၆၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ဖော်ပြသည်။                         ဆင်ဟွာ