
ဟနွိုင်း ဇန်နဝါရီ ၉
ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၅၅၃ ဦး ထပ်မံတွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၆၅၁၃ ဦး သည် ပြည်တွင်း၌ ကူးစက်ခံရသူ များဖြစ်ကြောင်းနှင့် ၄၀ သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ များအနက် ကူးစက်ခံရခြင်းဖြစ် ကြောင်း ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၁၈၇၆၃၉၄ ဦးရှိကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၄၁၁၇ ဦးရှိ ကြောင်း ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့ သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့် ရရှိသူ ၈၉၉၀ ရှိခြင်းကြောင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၁၄၈၈၀၃၈ ဦးရှိလာ ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်အောက်တွင် ကာကွယ်ဆေး အလုံးရေ ၁၅၉ ဒသမ ၂ သန်းခန့် အသုံးပြုပြီးဖြစ် ကြောင်း၊ ယင်းကာကွယ်ဆေးများ အနက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ၇၀ ဒသမ ၈ သန်းအား ဒုတိယအကြိမ်ထိုးနှံရာတွင် အသုံး ပြုခဲ့ကြောင်းနှင့် ၁၀ ဒသမ ၂ သန်း အား တတိယအကြိမ် အပိုဆောင်း ထိုးနှံရာတွင် အသုံးပြုခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ ဘာသာပြန် - အလင်းသစ်