ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ စံချိန်တင်မြင့်တက်

 

 

ဟနွိုင်း   ဇူလိုင်   ၅ 


ဗီယက်နမ်နိုင်ငံတွင် ဇူလိုင် ၅ ရက် က ကိုဗစ်-၁၉    ထပ်မံကူးစက် ဖြစ်ပွားသူ ၁၁၀၂ ဦး ရှိလာကြောင်း ဖော်ပြမှုနှင့်အတူ    လွန်ခဲ့သော နှစ်ရက်က စံချိန်တင်မြင့်တက်ခဲ့ သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူ ၉၂၂ ဦးကို ကျော်လွန်လာပြီ ဖြစ်သည်။
ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများ အနက် ၁၀၈၉ ဦးမှာ ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ၁၃ ဦးမှာ ပြည်ပ ကူးစက်မှုဖြစ်သည်။ ယခုအခါတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ     ၂၁၀၃၅  ဦးအထိ ရောက်ရှိလာပြီ      ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။ 
အစုလိုက်ကူးစက်ဖြစ်ပွားမှု များအနက် ၆၄၁ ဦးမှာ ဟိုချီမင်း တောင်ပိုင်း၊ ၁၆၅ ဦးမှာ ဒွန်သပ် ပြည်နယ်တောင်ပိုင်းနှင့် ၁၃၁ ဦး မှာ ဘင်ဒေါင်းပြည်နယ်တောင်ပိုင်း တို့မှ ဖြစ်သည်။ 
ကိုဗစ်-၁၉   ထပ်မံကူးစက် ဖြစ်ပွားသူအများစုမှာ   ယခင် ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ များနှင့်            တစ်နည်းနည်းဖြင့် ဆက်စပ်နေသူများ  ဖြစ်ကြောင်း သိရသည်။ 
နိုင်ငံတစ်ဝန်း     ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ   ပြန်လည် ကောင်းမွန်လာသူ    ၈၀၂၂    ဦး ရှိလာပြီဖြစ်သည်။ 
ဇူလိုင် ၅ ရက်က ကိုဗစ်-၁၉ ကြောင့် လေးဦးထပ်မံသေဆုံးမှု နှင့်အတူ စုစုပေါင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၉၀ အထိ ရောက်ရှိလာပြီဖြစ်သည်။ 
ဇူလိုင် ၇ ရက်အထိ ဗီယက်နမ် နိုင်ငံတွင် ပြည်တွင်းကူးစက်ဖြစ်ပွား သူ ၁၉၁၆၄ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး          ဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြသည်။  ဆင်ဟွာ