ဗီယက်နမ်နိုင်ငံ၌  ကိုဗစ်-၁၉ ကြောင့်  ၂၈၀၈၁ ဦး သေဆုံး

 

 

ဟနွိုင်း   ဒီဇင်ဘာ   ၁၃   
ဗီယက်နမ်နိုင်ငံတွင် ဒီဇင်ဘာ ၁၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၅၃၇၇ ဦး ရှိလာကြောင်းဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ ၂၈ ဦးနှင့်    ပြည်တွင်းကူးစက်ဖြစ်ပွားသူ   ၁၅၃၄၉ ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 
‌ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း  ၁၄၂၈၄၂၄ ဦးအထိရှိလာပြီး ၂၈၀၈၁ ဦး သေဆုံးခဲ့ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက   ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉  အစုလိုက်ကူးစက်မှုအများစုမှာ မြို့တော် ဟနွိုင်းဖြစ်ကာ   ကိုဗစ်-၁၉ ကူးစက်ရာ   ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်းမှ ၉၁၅ ဦး၊ တေနင်ပြည်နယ်မှ ၉၁၉ ဦးနှင့်  ဘင်ဖုပြည်နယ်မှ ၉၉၈ ဦးတို့ ဖြစ်ကြ သည်။
ဒုတိယအကြိမ်ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးပြီးသူ  ၅၈ သန်း အပါအဝင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်း မှာလည်း ၁၃၃ သန်းနီးပါး ရှိလာပြီဖြစ်သည်။ 
ဒီဇင်ဘာ ၁၃ ရက်အထိ နိုင်ငံအတွင်းပြည်တွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁ ဒသမ ၄ သန်း ကျော်လွန်လာခဲ့ပြီဖြစ်သည်။ 
ဆင်ဟွာ