ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပြီးစီးမှု  ၁၄၆ ဒသမ ၃ သန်း ကျော်လွန်လာ

 

 

ဟနွိုင်း ဒီဇင်ဘာ ၂၇    
ဗီယက်နမ်နိုင်ငံတွင်  ဒီဇင်ဘာ ၂၇  ရက်က ကိုဗစ်-၁၉   ထပ်မံကူးစက်ဖြစ်ပွားသူ ၁၄၈၇၂  ဦး   ရှိကြောင်း    ဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ     ငါးဦးနှင့် ပြည်တွင်း ကူးစက်ဖြစ်ပွားသူ ၁၄၈၆၇ ဦး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 
‌ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွား မှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း   ၁၆၆၆၅၄၅ ဦးအထိ ရှိလာပြီး   ၃၁၄၁၈ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ဆက်လက် သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ အစုလိုက်   ကူးစက်ဖြစ်ပွားမှုများ အနက် ဗီယက်နမ်မြို့တော် ဟနွိုင်း တွင်   ဒီဇင်ဘာ ၂၇ ရက်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ  ၁၉၄၈ ဦးဖြင့်   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု    အများဆုံးဖြစ်ကာ တောင်ပိုင်း နေနင်ပြည်နယ်တွင် ၉၄၃ ဦး၊ မြောက်ပိုင်း  ဟိုင်ဖွန်းမြို့တွင်  ၉၃၁ ဦး အသီးသီး ကူးစက်ဖြစ်ပွားခဲ့ကြသည်။ 
ကိုဗစ်-၁၉      ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ  ၁၂၅၉၆၁၄ ဦး ရှိလာသည်။ နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီးသူ ၆၆ ဒသမ ၄ သန်းအပါအဝင်   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးစီးမှုပေါင်းမှာ  ၁၄၆ ဒသမ ၃ သန်း ကျော်လွန်လာပြီဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည်    ကိုဗစ်-၁၉  လှိုင်း ဂယက်လေးကြိမ် ရိုက်ခတ်ခဲ့ပြီးဖြစ်သည်။     ဧပြီနှောင်းပိုင်းမှ       စတင်ဖြစ်ပွားခဲ့သော နောက်ဆုံး  ကိုဗစ်-၁၉ လှိုင်းဂယက်မှစကာ ပြည်တွင်း   ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွား သူပေါင်း  ၁ ဒသမ ၆၆ သန်းကျော် ရှိလာ ခဲ့ပြီဖြစ်သည်။                   ဆင်ဟွာ