ဗီယက်နမ်၌  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၅၃၆၇၈၈ ဦးရှိလာ


 

ဟနွိုင်း စက်တင်ဘာ ၆ 


ဗီယက်နမ်နိုင်ငံ၌   ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၂၄၈၁ ဦးရှိလာ ကြောင်းဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ လေးဦးနှင့် ပြည်တွင်း ကူးစက်သူ   ၁၂၄၇၇  ဦးဖြစ်ကြောင်း     ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 
နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၅၃၆၇၈၈ ဦးအထိ ရှိလာပြီး ၁၃၃၈၅ ဦး  သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်းထုတ်ပြန်ဖော်ပြသည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုအများစုမှာ တောင်ပိုင်းဒေသများမှ ဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်းမြို့မှ ၇၁၂၂ ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၂၁၉၄ ဦးနှင့် ဒွန်နိုင်းပြည်နယ်မှ ၈၇၁ ဦးတို့  ဖြစ်ကြသည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ ၃၀၁၄၅၇ ဦး   ရှိလာပြီး နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်း  ၂၂ သန်းကျော်လွန်လာပြီဖြစ်သည်။                    
ဆင်ဟွာ