
ဟနွိုင်း ဒီဇင်ဘာ ၂၁
ဗီယက်နမ်နိုင်ငံ၌ ဒီဇင်ဘာ ၂၁ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၆၃၂၅ ဦးရှိကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ ကိုးဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၆၃၁၆ ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၅၇၁၇၈ဝ အထိ ရှိလာပြီး ၃ဝဝ၄၁ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ အစုလိုက် ကူးစက်မှုအများစုမှာ မြို့တော်ဟနွိုင်းမှဖြစ်ကာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၁၇ဝ၄ ဦးရှိသည်။ ထို့နောက် တောင်ပိုင်း ကာမူ ပြည်နယ်၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၅၉ဝ နှင့် တေနင် ပြည်နယ်၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၃၉ ဦးရှိသည်။
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူ ၆၃ သန်းအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာ ၁၄ဝ ဒသမ ၄ သန်း နီးပါးရှိလာပြီဖြစ်သည်။ ဆင်ဟွာ