
ဟနွိုင်း ဇန်နဝါရီ ၁၁
ဗီယက်နမ်နိုင်ငံ၌ ဇန်နဝါရီ ၁၁ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၆၀၃၅ ဦးရှိလာကြောင်းဖော်ပြခဲ့ပြီး ပြည်ပကူးစက် ဖြစ်ပွားသူ ၁၆ ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၆၀၁၉ ဦး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၉၃၀၄၂၈ ဦးအထိ ရှိလာပြီး ၃၄၇၈၇ ဦး သေဆုံးခဲ့ပြီး ပြန်လည်ကောင်းမွန်လာသူ ၁၅၉၆၉၆၀ ရှိလာခဲ့ သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုအများစုမှာ ဗီယက်နမ်မြို့တော် ဟနွိုင်းဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၈၈၄ ဦး၊ အလယ်ပိုင်း ခန်ဟွာပြည်နယ်တွင် ၇၈၂ဦး၊ တောင်ပိုင်း ကာမူ ပြည်နယ်တွင် ၇၆၂ ဦးတို့ဖြစ်ကြသည်။ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၇၁ ဒသမ ၄ သန်းနှင့် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၂ ဒသမ ၆ သန်း အပါအဝင် နိုင်ငံတစ်ဝန်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း ၁၆၂ ဒသမ ၄ သန်းနီးပါး ရှိလာပြီဖြစ်သည်။ ဇန်နဝါရီ ၁၁ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း မှာ ၁ ဒသမ ၉၂ သန်းကျော်လွန် ခဲ့ပြီဖြစ်သည်။ ဆင်ဟွာ