
ဟနွိုင်း စက်တင်ဘာ ၁၄
ဗီယက်နမ်မြို့တော် ဟနွိုင်းရှိ ၁၀ ထပ်တိုက် အဆောက်အအုံ တစ်လုံး မီးလောင်ခဲ့သောကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ သည်။
မီးလောင်မှုသည် အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ တွင် ဖြစ်ပွားခဲ့သည်။ မီးလောင် မှုကို ငြှိမ်းသတ်ခဲ့ပြီးဖြစ် ကြောင်း ရဲများက ပြောကြားခဲ့ သည်။
မီးလောင်မှုသည် အဆောက် အအုံ ပထမထပ်တွင် စတင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောသည်။
ရဲများက မီးလောင်မှုဖြစ်ပွားခဲ့သည့်အကြောင်းရင်းကို စုံစမ်း စစ်ဆေးလျက်ရှိပြီး မီးလောင် မှုကြောင့် သေဆုံးသူများကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား ဖော်ထုတ်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ