
ဗီယက်နမ်၊ အက်စဝါတီနီ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဟောင်ကောင်တို့ရှိ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ စတင်ပေးပြီး ဘရူနိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၌ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး
==============================================================================================================================================================
နေပြည်တော် အောက်တိုဘာ ၄
ဗီယက်နမ်နိုင်ငံ၊ အက်စဝါတီနီနိုင်ငံနှင့် ဟောင်ကောင်တို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမှုများ ယနေ့စတင် ပြုလုပ်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ နိုင်ငံသား ၇၀ လာရောက်မဲပေးခဲ့ကြ ကြောင်း သိရသည်။
ထို့အတူ တောင်အာဖရိကဒေသရှိ အက်စဝါတီနီနိုင်ငံသို့ ရောက်ရှိနေကြ သော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် မြန်မာ သံရုံး၊ ပရီတိုးရီးယားမြို့မှ အက်စဝါ တီနီနိုင်ငံ မာစာဖာမြို့၌ မဲရုံခွဲဖွင့်လှစ်၍ မဲပေးမှုစတင်ခဲ့ရာ ယနေ့တွင် မဲပေးခွင့် ရရှိသူ မြန်မာနိုင်ငံသား ၂၆ ဦးအနက် ၁၇ ဦးတို့ လာရောက်မဲပေးခဲ့ကြသည်။
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ မဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံ သားများ မဲပေးခွင့်ရရှိရေးအတွက် ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံး၌ ကြိုတင်ဆန္ဒမဲပေးမှု စတင်ခဲ့ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၇ ဦး လာရောက်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒါကာ မြို့ မြန်မာသံရုံးသို့ အောက်တိုဘာ ၃ ရက်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမြန်မာနိုင်ငံသားများ စုစုပေါင်း ၂၉ ဦးရှိသည့် အနက် ၂၇ ဦး လာရောက်မဲပေးခဲ့ကြ သည်။
အလားတူ မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆက်လက် ပြုလုပ်ခဲ့ရာ တိုကျိုမြို့ မြန်မာသံရုံး၌ ယနေ့တွင် မဲဆန္ဒရှင် ၁၅၇၀ သည် လည်းကောင်း၊ စင်ကာပူမြို့ မြန်မာ သံရုံး၌ မဲဆန္ဒရှင် ၁၈၀၀ ခန့်သည် လည်းကောင်း၊ ဆိုးလ်မြို့ မြန်မာသံရုံး ၌ မဲဆန္ဒရှင် ၁၀၀၉ ဦးခန့်သည် လည်း ကောင်း၊ မော်စကိုမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၅၀ သည် လည်းကောင်း၊ ဘန်ဒါဆရီဘီဂါဝန်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၃၆ ဦးနှင့် ဗန်ကောက်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် စုစုပေါင်း ၁၀၄၅ ဦးတို့က လာရောက်မဲပေးခဲ့ကြ ကြောင်း သိရသည်။
မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား ကိုဗစ် ရောဂါ ကာကွယ်တားဆီးရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာက ချမှတ်ထား သော စည်းကမ်းများနှင့်အညီ ဖြစ်စေ ရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည် များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်း များ ပံ့ပို့ပေးခြင်းတို့ကို စနစ်တကျစီစဉ် ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များက လည်း မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက် ထားရှိသည့်အတိုင်း လိုက်နာကာ စနစ်တကျဆန္ဒမဲများ ပေးခဲ့ကြသည်။
ယနေ့တွင် မြန်မာသံရုံး ကိုးရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး တစ်ရုံး စုစုပေါင်း ၁၀ ရုံးတို့၌ ပြည်ပနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲများပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်