
ဘရပ်ဆဲလ် ဇန်နဝါရီ ၂၄
ဘယ်လ်ဂျီယံနိုင်ငံတွင် ဇန်နဝါရီ ၂၃ ရက်က ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးပေးခြင်းနှင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးအတွက် အစိုးရ၏ ကန့်သတ်ချက်များအပေါ် ဆန္ဒပြ ပွဲများပြုလုပ်ခဲ့ရာ လူအများ အပြားပါဝင်ခဲ့ကြသည်။
အချို့သော ဆန္ဒပြသူများ မှာ ရဲများနှင့် ပဋိပက္ခများ ဖြစ်ပွားကြသည်။ ဘရပ်ဆဲလ်မြို့ ရှိ ဥရောပသမဂ္ဂဌာနချုပ်ရှိရာ အနီးအနားအထိ လူပေါင်း ၅၀၀၀၀ ခန့် စုဝေးခဲ့ကြသည်။ အချို့သော ဆန္ဒပြသူများမှာ ပြင်သစ်၊ ဂျာမနီနှင့် အခြားသော ဥရောပနိုင်ငံများမှ လာရောက်ကြ သူများဖြစ်သည်။
ဥရောပရှိ အစိုးရများချမှတ် ထားသော အစီအမံများကြောင့် ဥရောပတွင် ထိခိုက်ရသည်ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။ အဆိုပါ လုပ်ဆောင်ချက်များသည် ပြည်သူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ထိခိုက်စေသည် ဟု ၎င်းကဆက်ပြောသည်။ အချို့ သော ဆန္ဒပြသူများမှာ အကြမ်း ဖက်လာကြသည်။ ဥရောပသမဂ္ဂ နှင့် ဆက်နွှယ်သည့်အဆောက် အအုံများရှိ ပြတင်းပေါက်များကို ချိုးဖျက်ကြသည်။ ရဲများက မျက်ရည်ယိုဗုံးများနှင့် မီးသတ် ပိုက်များဖြင့် လူစုခွဲရန် ကြိုးပမ်း ခဲ့သည်။
ယင်းဆန္ဒပြပွဲမှ လူပေါင်း ၆၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြကြသည်။
ဥရောပရှိ အချို့သောသူများ မှာ ကိုဗစ် - ၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် စည်းကမ်းချက်များ ချမှတ်ခြင်းကို ဆန့်ကျင်ကြ သည်။ ထို့ပြင် ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ပြသရ မည်ကိုလည်း ဆန့်ကျင်ကြသည်။
အလားတူ ဆန့်ကျင်ဆန္ဒပြ ပွဲများကို ပြင်သစ်၊ စပိန်နှင့် ဥရောပနိုင်ငံအချို့တွင် ပြုလုပ် ကြသည်။ အင်န်အိတ်ချ်ကေ