ဘဝနတ်ထံ ပျံလွန်တော်မူ

 

 

နေပြည်တော်  ဇန်နဝါရီ   ၁၀
ပဲခူးတိုင်းဒေသကြီး    ရေတာရှည်မြို့နယ်    ဆွာစက်ရုံပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက၊    နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တသာသန မဟာထေရ်မြတ်ကြီးသည်  သက်တော် (၉၂) နှစ်၊     သိက္ခာတော်(၇၂)ဝါအရ    ၁၃၈၃ ခုနှစ်၊   ပြာသိုလဆန်း (၇)ရက်၊ (၈-၁-၂၀၂၂)၊ စနေနေ့၊ ည(၁၁:၃၅)နာရီအချိန်တွင် ဘဝ နတ်ထံ  ပျံလွန်တော်မူကြောင်း  သာသနာရေးဦးစီးဌာနမှ   သတင်း ရရှိပါသည်။ 
သတင်းစဉ်
 

နိုင်ငံတော်ဩဝါဒါစရိယ
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာစက်ရုံပရိယတ္တိစာသင်တိုက် 
ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသာသန၏ ထေရုပ္ပတ္တိအကျဉ်း

 

 ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် မကွေးတိုင်းဒေသကြီး   နတ် မောက်မြို့နယ်    တမလန်းပင် ကျေးရွာတွင်    ခမည်းတော် ဦးလှိမ့်၊ မယ်တော် ဒေါ်လှပိုတို့မှ ၁၂၉၁ ခုနှစ်၊ တပေါင်းလဆန်း(၂)ရက်၊ သောကြာနေ့တွင်  ဖွားမြင် တော်မူသော သားရတနာ ဖြစ်ပါ သည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် တမလန်းပင်အနောက်ကျောင်းကြီး ကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ တမလန်းပင်အနောက်ကျောင်း ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ် သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း
ဆရာတော်သည် မန္တလေးမြို့ တောင်ထီးလင်းတိုက်၊ မြတောင် စာသင်တိုက်တို့တွင် ကျမ်းကြီး၊ ကျမ်းငယ်၊ ပါဠိ၊ အဋ္ဌကထာ ဋီကာ တို့ကို ကျမ်းကြီးပေါက်အဖြစ် နှစ်ပေါင်းများစွာ သင်ယူခဲ့ပါသည်။ 
သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် ၁၃၃၇ ခုနှစ်မှစ၍   ဆွာမြို့ စက်ရုံပရိယတ္တိစာသင် 
တိုက်တွင်     ရှင်ငယ်၊   သာမဏေငယ်   ကျောင်းသား ကျောင်းသူ တို့ကို လောကုတ္တရာစာပေများနှင့် လောကီပညာများကို သင်ကြား ပို့ချရင်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် စတုတ္ထအကြိမ်၊ ပဉ္စမ အကြိမ်တို့တွင်        မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊  နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဩဝါဒါစရိယ  ဆရာတော်အဖြစ်လည်းကောင်း  သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။ 
ဘဝနတ်ထံပျံလွန်တော်မူခြင်း
   ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်
တော်မူရင်း   သက်တော်(၉၂)နှစ်၊  သိက္ခာတော်(၇၂)ဝါအရ ၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း(၇)ရက်၊ (၈-၁-၂၀၂၂)၊ စနေနေ့၊ ည(၁၁:၃၅) နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာ ရေးဦးစီးဌာနမှ သတင်းရရှိပါသည်။             
          သတင်းစဉ်