
ဘူးသီးတောင်အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အထက(၁) ဘူးသီးတောင်နှင့် အထက(၂) ဘူးသီးတောင်တို့၌ စုရပ်ထားရှိကာ ယမန်နေ့ နံနက် ပိုင်းက ဆက်လက် ထိုးနှံပေး သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက် ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ် ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများ အား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်း ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ် တကျ ကူညီဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးကာ မိနစ် ၃၀ ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်း ရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ မည့် ကျောင်းသား ကျောင်းသူ ၈၅၉၃ ဦး ရှိပြီး အောက်တိုဘာ ၁၆ ရက်မှ စတင်ထိုးနှံပေးလျက် ရှိရာ အောက်တိုဘာ ၁၈ ရက် အထိ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးသူ ၇၀၇၄ ဦး ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)