ဘူးသီးတောင်မြို့၌ သဘာဝဘေးကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေး ဆောင်ရွက်

ဘူးသီးတောင်  မေ ၁၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက     ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊   ကူညီကယ် ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စီစဉ်ဆောင် ရွက်နိုင်ရန်အတွက်   မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဘူးသီးတောင်မြို့နယ်အတွင်း   သဘာဝဘေးအန္တရာယ်ကျရောက် လာပါက ထိခိုက်မှုများရှိနိုင်သည့်ကျေးရွာအုပ်စု ၁၀ အုပ်စု၊ အိမ်ထောင်စု ၁၂၈  စု၊  လူဦးရေ   ၈၀၆   ဦးအား ဘေးလွတ်ရာ နေရာများသို့    ယမန်နေ့ က   ပြောင်းရွှေ့ပေးလျက်ရှိကြောင်းနှင့်    ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏   စားဝတ်နေရေးအတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ် ၅၀၀၊ ဆီပိဿာ ၁၅၀၀၊ ဆား ပိဿာ ၅၀၀၊ ငါးပိ ပိဿာ ၅၀ စုဆောင်းထားရှိပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီး ဌာနမှလည်း အိမ်ထောင်စု ၂၀၀ အတွက်ပစ္စည်း ၁၆ မျိုး အသင့်စုဆောင်း ထားရှိကာ မြို့နယ်လူမှုရေးအသင်းအဖွဲ့များကလည်း    ကူညီထောက်ပံ့ နိုင်ရေးဆောင်ရွက်လျက်ရှိသည်။                        မြို့နယ်(ပြန်/ဆက်)