
ဘူးသီးတောင် ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ ခမီရိုးရာနှစ်သစ်ကူး(ဆနီ)ပွဲတော် ကျင်းပခြင်းကို ယနေ့နံနက် ၇နာရီ က ဂန္ဓရီကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ခမီရိုးရာ ကြေး မောင်း ကိုးကြိမ် တီးခတ်ပြီး ရိုးရာလင်္ကာ ရွတ်ဖတ်သီဆိုကာ အခမ်းအနား စတင်ဖွင့်လှစ်သည်။ ယင်းနောက် ဘူးသီးတောင်မြို့ ဂန္ဓရီလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ကျောင်း ဆရာတော် အရှင်အာ ဒိစ္စက ခမီရိုးရာ(ဆနီ)ပွဲ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ခမီတေး သီချင်းသီဆိုပြီး “နေ”ထွက် အက၊ “ လ” ထွက် အကဖြင့် ကပြ ဖျော်ဖြေ သည်။
ထို့နောက် ဘူးသီးတောင် မြို့နယ် ခမီတိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်း စိန်အောင်က ခမီရိုးရာ(ဆနီ)ပွဲ နှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ရခိုင်ရိုးရာယဉ်ကျေး မှု အကအဖွဲ့၊ မြိုတိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့၊ ဒိုင်းနက် (ခေါ်) ဆက္ကမတိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့ တို့ကလည်း ကောင်း၊ ခမီရိုးရာစစ်ရေးပြအက၊ ခမီရိုးရာ ဝါးညှပ်အကဖြင့် လည်း ကောင်း ကပြဖျော်ဖြေခဲ့ကြကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။
ထို့နောက် ခမီရိုးရာနှစ်သစ်ကူး (ဆနီ) ပွဲတော်သို့ တက်ရောက် လာသည့် မျိုးနွယ်စု အက အဖွဲ့များက “စည်းလုံးကြစို့” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ ကြကြောင်း သိရသည်။
ခမီရိုးရာနှစ်သစ်ကူး (ဆနီ)ပွဲတော်သည် ခမီတိုင်းရင်းသားတို့ ၏ ဘိုးဘွားလက်ထက်ကတည်းက ကျင်းပလာခဲ့ကြသည့် ပွဲတစ်ခုဖြစ် ပြီး နေနှင့်လကို ပူဇော်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ နေ ထွက်လာချိန်တွင် “နေ” ထွက် အက၊ လ ထွက်လာချိန်တွင် “လ”ထွက်အကတို့ကို ကပြရသည့် ရိုးရာနှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ် သည်။ ဆနီပွဲတော်ကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီး တောင်မြို့ ဂန္ဓရီ ပရဟိတ ကျောင်းတွင် ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် မြောက်ဦးမြို့နယ် လောင်းရှည်ချောင်း ကျေးရွာ တွင် တစ်နှစ် ကျင်းပခဲ့သည်။ နောက်ပိုင်းတွင် အကြောင်းအမျိုး မျိုးကြောင့် ဆက်လက်မကျင်းပ နိုင်ခဲ့ဘဲ ၂၀၁၈ ခုနှစ်ကစ၍ ဘူးသီး တောင်မြို့တွင် ပြန်လည်ကျင်းပ နိုင်ခဲ့သည်။
ခမီ တိုင်းရင်းသားများသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအနက်မှ တိုင်းရင်းသားမျိုးနွယ်စု တစ်မျိုးဖြစ်ပြီး စစ်တွေ၊ ကျောက် တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ အမ်း နှင့် မောင်တောမြို့နယ်တို့တွင် လူဦးရေတစ်သိန်းခန့် နေထိုင် ကြကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဝင် ဦးသိန်းမောင်ထံမှ သိရသည်။
လှကျော်(ပြန်/ဆက်)