
ဘူးသီးတောင် ဇန်နဝါရီ ၅
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးမှူးရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက သင်တန်းသားများအနေဖြင့် မိမိ ရပ်ရွာအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင် အောင် စနစ်တကျသင်ယူကြရန်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး စည်းကမ်းတကျ ဒေသအကျိုးကို ကူညီဆောင်ရွက်ကြရန် စသည့် တို့ကို ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ သင်တန်းစည်းမျဉ်းစည်းကမ်း များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဘူးသီးတောင်မြို့နယ် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား ၅၀ တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၃ အထိ တစ်လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရ သည်။
လှကျော်( ပြန်/ဆက်)