ဘုတလင်မြို့နယ်၌ ဆေးရုံသုံးဆေးပစ္စည်းများထုတ်ယူရန်  ဆေးရုံဝန်ထမ်းများ လိုက်ပါထွက်ခွာလာသည့် မော်တော်ယာဉ်အား  အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက မိုင်းထောင် ဖောက်ခွဲတိုက်ခိုက် 


 

နေပြည်တော် ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး  ဘုတလင်မြို့နယ်၌ ဆေးရုံသုံးဆေးပစ္စည်းများထုတ်ယူရန် ဆေးရုံဝန်ထမ်းများ  လိုက်ပါထွက်ခွာ လာသည့် မော်တော်ယာဉ်အား အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက မိုင်းထောင်၍   ဖောက်ခွဲတိုက်ခိုက်မှု   ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံ ဝန်ထမ်းများဖြစ်သည့်    ဒေါ်ခိုင်ခိုင်ထွေး  (၄၈)နှစ် (ဘ)ဦးထွန်းအောင်၊ မထိပ်တင်ထွေး (၂၅)နှစ် (ဘ)ဦးဆန်းလင်း၊ ကျော်ဇင်ဖြိုး(၁၉)နှစ်နှင့်   ဦးဇော်မင်းသန်း(၅၂)နှစ်  (ဘ) ဦးဘိုလေးတို့သည်     ဆေးရုံသုံးပစ္စည်းများ  ထုတ်ယူရန်အတွက် မုံရွာမြို့သို့ 8J/8606 Super Custom ယာဉ်ဖြင့်   ထွက်ခွာလာစဉ်  ကျီးပင်ချောင်ကျေးရွာအနီးသို့ အရောက်    အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက  လက်လုပ်မိုင်း ထောင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် ၏ ဝဲ/ယာမှန်များနှင့် ဆီတိုင်ကီတို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဒေါ်ခိုင်ခိုင် ထွေးတွင် နဖူးပေါက်ပြဲဒဏ်ရာ တစ်ချက်၊ မထိပ်တင်ထွေးတွင် နောက် ကျော ပွန်းပဲ့ဒဏ်ရာ တစ်ချက်၊ ကျော်ဇင်ဖြိုးတွင် ဝဲ/ယာလက်ဖျံပွန်းပဲ့ ဒဏ်ရာ နှစ်ချက်နှင့် ဦးဇော်မင်းသန်းတွင် ဝဲနားရွက် စုတ်ပြဲဒဏ်ရာ၊ ဝဲနားထင်/ဝဲချိုစောင်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ 
အထက်ပါဖြစ်စဉ်မှ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်း ဖက်  လက်နက်ကိုင်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များကဒေသခံ ပြည်သူများနှင့်   ပူးပေါင်း၍    လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။  သတင်းစဉ်