
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ ၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး ခန္တီးမြို့၊ ချင်းပြည်နယ် မတူပီမြို့၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီး တံခွန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် ဘာသာရေးကျောင်း စုစုပေါင်း ၂၄ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့၊ ရခိုင်ပြည်နယ် အမ်းမြို့တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၂၅ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းမျာကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။
၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် မဟာသန္တိကရ ရန်အောင်မြေ ကျောင်းတိုက်နှင့် ချင်းပြည်နယ် မတူပီမြို့ ဖနိုင် တပ်ဦးကျောင်းရှိ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအား အနောက်မြောက်တိုင်းစစ် ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်