
နေပြည်တော် ဖေဖော်ဝါရီ ၁၉
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်း အဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ် ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင် ပြည်နယ် မြဝတီမြို့၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ်နှင့် မှော်ဘီမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်တိုက် စုစုပေါင်း လေးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရခိုင် ပြည်နယ် စစ်တွေမြို့၊ အမ်းမြို့နှင့် ငပလီမြို့၊ မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော် ကြီးကျောင်းများနှင့် သီလရှင် စာသင်တိုက်စုစုပေါင်း ၂၄ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်