
နေပြည်တော် ဩဂုတ် ၂၆
မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေး မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူ ဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင် ရွက်လျက်ရှိသည်။
ဆက်ကပ်လှူဒါန်း
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့ ခါးရိုးပရိယတ္တိ စာသင်တိုက်၊ အောင်ဆုပန် ဓမ္မရိပ်သာကျောင်း တိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့ရှိ တောင်ပေါက်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ရေကူးကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ကျိုက်လတ်မြို့ရှိ စန္ဒာမုနိကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ရှိ သစ္စာအောင်မြေစံကျောင်းတိုက် နှင့် ကျောက်ပန်းတောင်းမြို့နယ် သပြေရိုးကျေးရွာ ရွာဦးကျောင်း တိုက်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွာဘဲရပ်ကွက်ရှိ ရွာဘဲ တောင်ပေါ် ဘုန်းတော်ကြီး ကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်