ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဇူလိုင်   ၁

 


တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက  တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊    သာသနာ့နွယ်ဝင်     သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်    လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို   ဆောင်ရွက် လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် ရှိ မဟာမြိုင်သာသနဝိပုလကာရီကျောင်းတိုက်နှင့် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ရှမ်းတောလေးကျေးရွာရှိ ရှမ်းစိန်ကျောင်းကြီးကျောင်းတိုက်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့        မေဓါရာမကျောင်းတိုက်တို့မှ သံဃာတော်များနှင့်   သာသနာ့နွယ်ဝင်သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ မေဓါရာမကျောင်းတိုက် နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်ရှိ မဟာဗောဓိပရိယတ္တိရိပ်သာ ကျောင်းတိုက်တို့မှ  သံဃာတော်များအား    နေ့ဆွမ်း များကိုလည်းကောင်း  သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက်    တာဝန်ရှိသူများက   သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။


ထို့ပြင် မွန်ပြည်နယ် မော်လမြိုင်မြို့ မေဓါရာမ ကျောင်းတိုက်ရှိ သံဃာတော်များအား အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ   နယ်မြေခံဆေးအဖွဲ့က   လိုအပ် သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။            

 

သတင်းစဉ်