
နေပြည်တော် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ညောင်ငုတ္တိုကျေးရွာရှိ ညောင်ပင် သာဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ညောင်ပင်သာ ကျောင်းတိုက်၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်နှင့် မရမ်းချိုကျောင်း တိုက်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ပတ္တမြားကျောင်းတိုက်၊ မတ္တရာမြို့နယ် ဆည်တော်လေးကျေးရွာရှိ လိုတရတောင်ပေါ်ဘုန်းတော် ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်