ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ၌  လှူဖွယ်ပစ္စည်းများ လှူဒါန်း

 

 

နေပြည်တော်   ဇူလိုင်    ၅


တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့်  ဘာသာရေး ကျောင်းများတွင်   ဆွမ်းဆန်တော်၊   ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ   ဆက်ကပ်လှူဒါန်းခြင်း နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့    ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင်   ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်   ဘုရားကုန်းကျေးရွာရှိ   ဓမ္မပါလကျောင်းတိုက်နှင့် တိုက်ကြီးမြို့နယ်   အဖျောက်မြို့   အင်းတရာကျေးရွာရှိ အင်းတရာ အောက်ကျောင်း ကျောင်းတိုက်တို့မှ သံဃာတော်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ Covid-19 ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက  သွားရောက် ၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်