
ဘန်ဒါဆီရီဘီဂါဝန် သြဂုတ် ၂၄
ဘရူနိုင်းနိုင်ငံတွင် သြဂုတ် ၂၄ ရက်က ကိုဗစ်-၁၉ ကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ဘရူနိုင်းနိုင်ငံတွင် တစ်နှစ်ကျော်ကာလအတွင်း ကိုဗစ်-၁၉ ကြောင့် ပထမဆုံး သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆုတ်အတွင်း ကိုဗစ်- ၁၉ ကူးစက်
ကိုဗစ်-၁၉ ကြောင့်သေဆုံးသူနှစ်ဦးမှာ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၆၉ နှစ်အရွယ်အမျိုးသားတို့ဖြစ်ကာ နှစ်ဦးစလုံးမှာ ဘရူနိုင်းနိုင်ငံသားများဖြစ်ကြသည်။ ရောဂါထိန်းချုပ်စင်တာ သို့ ပို့ဆောင်ကာ အဆုတ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
သေဆုံးသူပေါင်း ငါးဦးရှိလာ
ဘုရင့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘရူးနိုင်းတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ယခုအချိန်အထိ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူပေါင်းမှာ ငါးဦးအထိရောက်ရှိလာပြီဖြစ်သည်။
လူပေါင်း ၄၅၀၀၀၀ နေထိုင်သော ဘရူနိုင်းနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ဇွန်လက ကိုဗစ်-၁၉ သေဆုံးမှု နောက်ဆုံးဖြစ်ခဲ့သည်။ စီအင်န်အေ