
ရီယိုဒီဂျနေရိုး ဇန်နဝါရီ ၂၂
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်- ၁၉ နောက် ထပ်ကူးစက်ခံရသူ ၁၆၆၅၃၉ ဦး တွေ့ရှိခဲ့ပြီး တိုင်းပြည်အတွင်း နေ့စဉ်ကူးစက်ခံရသူ ၁၆၀၀၀၀ ကျော်နေသည်မှာ သုံးရက်ဆက် တိုက်ရှိနေပြီဖြစ်ကြောင်း အမျိုး သား ကျန်းမာရေးကောင်စီက ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။
နောက်ထပ် ကူးစက်မှုများ ကြောင့် ဘရာဇီးနိုင်ငံတွင် ကူးစက်ခံရသူ စုစုပေါင်းမှာ ၂၃၇၅၁၇၈၂ ဦး ရှိလာပြီဖြစ်သည်။ ထိုစဉ် သေဆုံးသူဦးရေမှာလည်း ၃၅၈ ဦး တိုးလာသည့်အတွက် သေဆုံးသူ စုစုပေါင်းမှာ ၆၂၂၅၆၃ ဦး ရှိလာသည်။
ဘရာဇီးနိုင်ငံတွင် ကိုဗစ် -၁၉ ကြောင့် သေဆုံးမှုနှုန်းမှာ လူပေါင်း ၁၀၀၀၀၀ တွင် ၂၉၆ ဒသမ ၃ ဦးရှိသည်ဟု ဇန်နဝါရီ ၂၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဘရာဇီးနိုင်ငံတွင် အိုမီ ခရွန် ကူးစက်မှုများကြောင့်လည်း ရောဂါကူးစက်ခံရသူ ဦးရေမှာ တိုးလာခဲ့သည်။ အစုလိုက်အပြုံ လိုက် ကာကွယ်ဆေးထိုးပေးနိုင် ခြင်းကြောင့် မကြာမသေးမီ လများအတွင်း ကူးစက်ခံရမှုနှုန်းလျော့ကျခဲ့သည်။
ဘရာဇီးတွင် ကာကွယ်ဆေး ထိုးနှံမှုများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ခဲ့သည်။ တရားဝင်စာရင်း ဇယားများအရ ဘရာဇီးနိုင်ငံတွင် လူပေါင်း ၁၆၂ ဒသမ ၆သန်း (၇၅ ဒသမ ၇ ရာခိုင်နှုန်း)မှာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးပြီးသားဖြစ်သည်။ ကာကွယ်ဆးအပြည့်ထိုးပြီးသူ ၁၄၈ ဒသမ ၁ သန်းရှိကြောင်း သိရ သည်။
ဆင်ဟွာ