ဘရာဇီးနိုင်ငံတွင် ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားပြီး ၁၁ ဦး သေဆုံး

 

ရီယိုဒီဂျနေးရိုး   မေ  ၁၈


ဘရာဇီးနိုင်ငံ   အနောက်အလယ် ပိုင်း မာတိုဂရော့ဆိုပြည်နယ်တွင် ဘတ်စ်ကားတစ်စီးနှင့် ဗင်ကား တစ်စီး  မျက်နှာချင်းဆိုင်တိုက်မှု    ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး    ၁၁  ဦး  သေဆုံးပြီး   အများအပြား       ဒဏ်ရာရရှိခဲ့ကြောင်း   အဝေးပြေး လမ်းမကြီး  ရဲတပ်ဖွဲ့က မေ  ၁၇    ရက်တွင်  ပြောကြားခဲ့သည်။ 

 


ကနဦး   စုံစမ်းစစ်ဆေးချက် အရ     မာတိုဂရော့ဆိုပြည်နယ် မြောက်ပိုင်း    ဆော်ရီဆိုမြို့တွင်  အဆိုပါကားနှစ်စီး   မျက်နှာချင်း ဆိုင်တိုက်မှု      ဖြစ်ပွားခြင်းဖြစ် ကြောင်း၊   ဘတ်စ်ကားမောင်းသူ မှာ  ယာဉ်မောင်းနှင်မှု ပေါ့ဆသွား သည့်အတွက် ထိုကဲ့သို့ မျက်နှာ ချင်းဆိုင်ယာဉ်တိုက်မှု       ဖြစ်ပွားရ ခြင်းဖြစ်ကြောင်း   အေဂျင်စီက ပြည်တွင်းသတင်းဌာနသို့   ပြော ကြားသည်။ ကီလိုမီတာ ၅၀၀ ခန့် ဝေးသည့်   ဆီးနော့မြို့သို့သွားသော   ဘတ်စ်ကားပေါ်တွင်    ခရီးသည်   ၄၅     ဦး  လိုက်ပါလာကြောင်း သိရသည်။

 


အဆိုပါ     ဖြစ်စဉ်ကြောင့် ဘတ်စ်ကားမောင်းသူမှာ စိုးရိမ်ရ သည့်        အခြေအနေတွင်ရှိပြီး ဗင်ကားမောင်းသူမှာ အနည်းငယ် သာ     ဒဏ်ရာရရှိကြောင်း    သိရ သည်။                          

ဆင်ဟွာ